[ Unicode ]
" ကျန့်ငယ်!! "
" ကို! "
ရိပေါ်နေရာကနေထလို့ ကျန့်ငယ်ဆီကိုသွားဖို့ပြင်နေတုန်း သူ့လက်ကိုဆွဲလာတာကြောင့် ကြည့်လိုက်တော့ နှစ်ယောက်မရှိတဲ့ ထိုအမျိုးသမီး။
" လွှတ်! "
" ဟင့်အင်း.. မသွားပါနဲ့၊ ဒီမှာပဲ လီယာနဲ့အတူ အခြေအနေစောင့်ကြည့်ရအောင်ပါကိုရယ် နော် "
ထိုမိန်းမလက်ထဲရောက်နေတဲ့ သူ့လက်တစ်ဖက်ကိုရိပေါ်က ဆောင့်ရုန်းလိုက်တာကြောင့် လီယာကဟန်ချက်ပျက်ကာ လဲကျမလိုဖြစ်သွားသည်။ သို့သော် ရိပေါ်ကဂရုမစိုက်စွာနဲ့ အံကိုကြိတ်လို့
" မင်း တား..ရဲ..လား "
ထိုစကားများကို တစ်လုံးချင်း လေသံမာမာဖြင့် ဖိပြောနေသည့်အချိန် ရိပေါ်၏မျက်လုံးတို့က အနီရင့်ရောင်အဖြစ်ပြောင်းလဲနေပြီး အံသွားများကိုလည်း ကျိုးကြေမတတ်ဖိကြိတ်ထားကြောင်း မေးရိုးထင်းထင်းများက သက်သေတွေခံနေသည်။
သူမကသာ ရိပေါ်ရဲ့ပုံစံကိုကြည့်လို့ ကြောက်လန့်နေချိန် သူမရဲ့သတို့သားလောင်းကတော့ စင်ပေါ်ကိုအပြေးတပိုင်းတက်သွားနှင့်ပြီဖြစ်တယ်။
ရိပေါ်တို့ထိုင်နေတဲ့ ဝိုင်းနဲ့ stageနဲ့ဆိုသိပ်မဝေးသော်လဲ ပူထူနေတဲ့စိတ်အစုံကြောင့် အတော်လေးဝေးသည်ဟု ရိပေါ်ကခံစားနေရသည်။ ရှည်လျားလှတဲ့ခြေတံတွေကိုအားကုန်ထည့်လို့ stageပေါ်အရောက်ပြေးနေတဲ့ရိပေါ်က သူရောက်သွားတဲ့အချိန်မှာတော့ ကျန့်ငယ်ဘေးနားလူတွေဝိုင်းအုံလို့ရောက်နေခဲ့ပြီဖြစ်တယ်။
ကျန့်ငယ်ရဲ့ဘေးပတ်လည်မှာရှိနေတဲ့ လူတွေကြားထဲအတင်းတိုးဝှေ့လို့ ၀င်သွားတဲ့ရိပေါ်က အခုချိန်မှာတော့ CEOဆိုတဲ့ဂုဏ်ပုဒ်ဟာသူနဲ့မသက်ဆိုင်သည့်အလား၊ အမြဲတည်ကြည်နေတဲ့ မျက်နှာဟာ အခုချိန်မှာ စိုးရိမ်ပူပန်မှုအပြည့်နဲ့ အပူသည်ရုပ်ပေါက်နေခဲ့ပြီဖြစ်တယ်။
_" ကျန့်ကျန့် !! "
Stageပေါ်တက်သွားကတည်းက backstageမှာ Standbyရှိနေခဲ့တဲ့ Deanက စင်ပေါ်ကိုချက်ချင်းပြေးတက်သွားနိုင်ခဲ့သော်လည်း မမှီလိုက် မီးဆိုင်းအောက်မှာရောက်နေတဲ့ ခန္ဓာကိုယ်ငယ်က အနီရောင်တို့လွှမ်းခြုံခဲ့ပြီဖြစ်တယ်။
