25

2.5K 262 24
                                    

[ Unicode ]

The day before the wedding

" လူနာက ခွဲခန်းထဲမှာ နှလုံးရပ်သွားသေးတယ်၊ ကျွန်တော်တို့ CPR ဆက်တိုက်လုပ်နေရင်းလက်လျော့ပစ်ရတော့မယ့်အခြေအနေမှာ ROSC ပြန်လာတာပါ။ လူနာရဲ့စိတ်ကနောက်ဆုံး အချိန်ထိ အကြောင်းအရာတစ်ခုခုကြောင့် ဒွိဟဖြစ်‌နေခဲ့ပုံပဲ "

ရိပေါ်နားထဲ ထပ်တလဲလဲကြားနေခဲ့ရတဲ့ ‌စကားတစ်ခွန်း။ သူသိပ်ကြောက်နေခဲ့တာ... ကျန့်ငယ်ကသူ့ကိုထားသွားခဲ့မှာကိုပဲဖြစ်တယ်။

" ကျွန်တော်တို့ ခဏနေရင် CT Scanရိုက်ဖို့ရှိပါတယ်။ လူနာက ခေါင်းကိုထိသွားပေမဲ့ မကွဲသွားတဲ့ အချက်က အတော်လေးထိတ်လန့်စရာကောင်းပါတယ်။ ဦးခေါင်းဒဏ်ရာပြင်းထန်ပေမဲ့ ခေါင်းမကွဲပဲသွေးကအထဲမှာခဲသွားတာမျိုးရှိတတ်လို့ပါ "

ဆရာ၀န်က မှာကြားစရာရှိတာတွေမှာပြီးထွက်သွားခဲ့ပြီဖြစ်တယ်။ ရိပေါ်ကအခုချိန်မှာ ဘာကိုမှဂရုမစိုက်နိုင်ပါ သူ့အရှေ့ကကုတင်မှာ လှဲနေတဲ့ပိန်ပါးတဲ့ခန္ဓာကိုယ်လေးပျောက်မသွားအောင်သာ မျက်တောင်မခတ်တမ်းထိုင်ကြည့်နေခဲ့တယ်။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေနဲ့ လိုအပ်တဲ့အရာတွေကိုတော့ Deanကလုပ်ပေးနေတာကြောင့်လဲ သူအခုလိုမျိုး ကျန့်ငယ်ကိုကြည့်နေနိုင်တာဖြစ်တယ်။

မဝံ့မရဲနဲ့ ကျန့်ငယ်ရဲ့လက်လေးကိုတောင်ရိပေါ်က မကိုင်ရဲခဲ့ပါ။ သူ့ကြောင့် နာကျင်နေတဲ့လူသားလေး ပိုပြီးအနာတရဖြစ်မှာစိုးတဲ့အတွက်ကြောင့်ပါ။ ညာဘက်ခြေထောက်က ကျောက်ပတ်တီးစည်းထားပြီး ဘယ်လက်လက်ကောက်၀တ်မှာကလောလောလတ်လတ်ခွဲထားတဲ့ ဒဏ်ရာကလွဲရင် ကျန့်ငယ်ကကြည်စင်နေတုန်းပဲ၊ လှပနေတုန်းပဲ။ ကုန်ကုန်ပြောရရင် ‌ဖြူဖျော့နေတဲ့နှုတ်ခမ်းလေးကတောင် ကျန့်ငယ်ရဲ့ အလှအပကိုမှေးမှိန်မသွားစေနိုင်ပါဘူး။

ဒါပေမဲ့ရိပေါ်က ကျန့်ငယ်ကို ဆေးရုံ၀တ်စုံနဲ့မြင်နေရခြင်းက သူ့နှလုံးသားမခံမရပ်နိုင်အောင် နာကျင်စေတယ်။

" မင်းနောက်ထပ်ဘယ်တော့မှ မနာကျင်စေရတော့ဘူး ကျန့်ငယ် "
_

တိတ်ဆိတ်နေတဲ့ ဆေးရုံခန်းထဲမှာ မိန်းကလေးတစ်ယောက်ရဲ့ တတွတ်တွတ်ပြောသံတွေက ပဲ့တင်ထပ်လျက်ရှိတယ်။ ဘယ်သူတစ်ဦးတစ်ယောက်မျှ သူမကို အဖတ်လုပ်ခြင်းအလျင်း
မရှိ...ရည်ညွှန်းပြောဆိုနေသည့် သူကတောင် သူမရဲ့စကားတို့ကိုအရေးတယူပြုမူမနေခဲ့ပါ။

Hidden love Where stories live. Discover now