[Unicode]
ဒီနေ့ဟာ နေသာတဲ့နေ့တစ်နေ့ပါပဲ။ အရာအားလုံးက ပုံမှန်အတိုင်းလည်ပတ်တယ်။ ရှောင်းကျန့်ရဲ့ နေ့ရက်တွေကလဲ အဲ့လူကိုချစ်ရင်းနဲ့ မနက်မိုးလင်းသလို ငေးကြည့်နေရင်းနဲ့ပဲ ညမိုးချုပ်ပါတယ်။ အဲ့လူကိုမလွမ်းမိဖို့အတွက် နားချိန်မရှိအောင် သူ့ရဲ့ Scheduleမှာနေရာလွတ်မရှိအောင် ထားတယ်။ အပိုဆုလေးကတော့ စိတ်ပင်ပန်းတဲ့အပြင် လူပါပင်ပန်းရတယ်။ ဒါပေမဲ့လဲ လွမ်းမိတာပါပဲ။ သူ့ရဲ့နှလုံးသားအလိုကို သူမလွန်ဆန်နိုင်ဘူး။
" ကျန့်ကျန့် ဒီနေ့ပွဲအတွက်ဝတ်စုံ ကောယူလာတယ်၊ ဝတ်ကြည့်ဦး အဆင်မပြေဖြစ်မှာစိုးလို့ "
" ခဏလေးစောင့်ကော ကျွန်တော် အခုပဲဝတ်ကြည့်လိုက်မယ် "
ဝတ်စုံကိုယူလို့ထွက်သွားတဲ့ ကျန့်ကျန့်က်ယိုကြည့်လို Evanက သက်ပြင်းချတယ်။ ဒီခလေး ဘယ်လောက်အထိကိုယ့်ကိုကိုယ် အပင်ပန်းခံနေမလဲမသိတော့ဘူး။ ခဏကြာတော့ ပြန်ထွက်လာတဲ့ ကျန့်ကျန့်က
" အဆင်ပြေတယ် ဘာမှပြင်စရာမလိုဘူး "
" ကောင်းပြီဒါဆို ညနေပွဲရောက်မှတွေ့မယ်၊ ကောကအလုပ်ရှိသေးလို့ "
" ဂရုစိုက်ပြန်ကော "
ကောထွက်သွားတာနဲ့ သူလဲညနေအတွက်ပြင်ဆင်စရာရှိတာ ပြင်ဆင်ရသည်။ ဒီနေ့အတွက်ပွဲကသူ့အတွက်တော့ နဲနဲကသိကအောက်ဖြစ်စေသည်။ performanceအပြင် သူ့အတွက်မေးခွန်းအနည်းငယ်ပြင်ဆင်ထားသည်တဲ့။ Interviewဆိုရင် အကြောင်းအမျိုးမျိုးပြလို့ ရှောင်ထွက်တတ်သည့် သူ့အတွက်တော့ ချောင်ပိတ်ခံရသလိုမျိုး။
" ဒေါက်... ဒေါက်..ကျွန်တော်ရောက်ပါပြီ "
နားနေခန်းထဲထိုင်ရင်း အတွေးနက်နေ့တဲ့သူ့ကို့ တံခါးခေါက်လို့ ရောက်ကြောင်းအသိပေးလာသူက မကြာသေးခင်ကမှ စိတ်ကြိုက်အသစ်ခန့်ထားတဲ့ သူ့ရဲ့ မန်နေဂျာ
" အာ.. အတွေးလွန်နေတာနဲ့ သတိမထားလိုက်မိဘူး"
" ဘာတွေစိတ်ညစ်စရာရှိလို့လဲ "
သူ့အတွက်ဝယ်လာပေးတဲ့ Green teaကို ကမ်းပေးလို့ Deanကမေးလာသည်။
" ညနေပွဲအကြောင်း စဉ်းစားနေတာပါ "