[Unicode]
" ကျန့်ငယ် မင်းကကိုယ့်ကိုသွေးတိုးစမ်းနေတာပဲ "
ဝမ်ရိပေါ်က အင်တာဗျူးအစီအစဉ်ကိုကြည့်ရင်း တစ်ယောက်တည်း အတွေးနက်နေသည်။ ချစ်ရမယ့်သူရှိနေတယ်ဆိုပါလား။
ရိပေါ်ရဲ့မျက်နှာကတဖြည်းဖြည်းကြောက်စရာကောင်းလောက်အောင် ပြောင်းလဲနေသည်ကို သူကိုယ်တိုင်တောင်သတိထားမိမယ်မထင်။ MC ကထပ်ပြီး မေးလာပြန်တယ်။
" ကျန့်ကျန့်ရဲ့ အချစ်ရေးကို ဘယ်လိုသီချင်းနဲ့ဖော်ပြချင်လဲ "
" အာ.. ဒါကနဲနဲတော့ ရှက်ဖို့ကောင်းတယ် "
ကျန့်ငယ်က ရှက်နေဟန်တူသည် နားရွက်ဖျားလေးတွေကရဲနေပြီး သူ့ရဲ့လည်ပင်းကိုအကြောင်းမဲ့ပွတ်သတ်နေပြန်တယ်။
" သေချာတာကတော့ ရှင့်ရဲ့ ပရိတ်သတ်တွေက ဒီမေးခွန်းရဲ့ အဖြေကိုကြားရဖို့စောင့်နိုင်တော့ဘူး ထင်တယ် "
" ဖော်ပြချင်တဲ့သီချင်းဆိုရင်တော့ I Want It That way လေးပါ "
ကျန့်ငယ်ကသီချင်းနာမည်ကို ရွတ်ပြပြီးတော့ ရှေ့သွားလေးနှစ်ချောင်းပေါ်အောင် ပြုံးနေပြန်တယ်။
" ကျွန်မကတော့ရှင့်ရဲ့အချစ်ကို မလေးစားပဲမနေနိုင်ဘူး၊ ရှင်ချစ်တဲ့သူကိုတောင် ခံစားချက်တွေဖွင့်မပြပဲ ဘယ်လိုတောင်နေနိုင်ရတာလဲ။ အိုကေ ဒီနေရာမှာ ရှင့်ကိုကျွန်မ Top starတစ်ယောက်လိုမမြင်ပဲ သာမာန်လူတစ်ယောက်လိုမြင်ပြီးပြောမယ်နော် ရှင်အခုဖြေသွားတဲ့မေးခွန်းတွေအရ ကျွန်မသိရသလောက်တော့ ရှင်က introvert တစ်ယောက်ဖြစ်မယ်။ ဟုတ်လား ကျွန်မပြောတာလက်ခံလား "
" အိုး.. ကျွန်တော်လက်ခံပါတယ်။ မင်းကတစ်ကယ်ပဲ တစ်ပါးသူရဲ့စိတ်ကို နားလည်ပေးနိုင်တာပဲ "
ကျန့်ငယ်ရဲ့ အပြုံးတွေက MC အရှေ့မှာအရမ်းကိုအသက်ဝင်နေတယ်။ အင်း... သူ့အရှေ့ရောက်ရင်တော့ သူ့ရဲ့ကျန့်ငယ်က တစ်ခြားသူတစ်ယာက်လိုပြောင်းလဲသွားတတ်သည်။ အဟွန့်.. သူကလဲ အဲ့ဒါလေးကိုမှ မြတ်နိုးမဝဖြစ်နေတာလေ။ ဖန်သားပြင်ပေါ်က ကျန့်ငယ်ရဲ့ လှုပ်ရှားမှုသေးသေးလေးတွေကိုကအစ သတိတစ်ချက်မလွတ်စေပဲ အာရုံစိုက်ကြည့်နေသူက ဝမ်ရိပေါ်ရယ်ပါ။
