[ Unicode ]
၀မ်ရိပေါ်နဲ့ စကားအခြေအတင်ဖြစ်ပြီး ပြန်၀င်လာတဲ့ Deanက မင်းသားလေးရဲ့ အခန့်ရှေ့ထိုင်နေခဲ့တယ်။ တစ်ညလုံးသူထိုင်စောင့်နေတာတောင်မှ အခန်းတံခါးက ပွင့်မလာခဲ့ပါဘူး။
ဂျောက်~
တံခါးဖွင့်သံနဲ့အတူ ပါးလျလျခန္ဓာကိုယ်လေးက တံခါးအနောက်ကနေထွက်လာတယ်။ Dean ထိုင်နေရင်း သူ့အရှေ့လာရပ်တဲ့ အိမ်နေရင်းစီးဖိနပ်တစ်စုံကြောင့် အလျင်အမြန်မော့ကြည့်လိုက်မိသည်။ ဖြူဖျော့ဖျော့မျက်နှာလေးက တစ်ညလုံး အနားမယူရသေးကြောင်းကို ခပ်ညိုညိုမျက်ကွင်းတစ်စုံက သက်သေပြတယ်။
သူ့ကိုကျော်လို့ ဧည့်ခန်းထဲထွက်သွားတဲ့ မင်းသားလေးနောက်ကို Deanကထပ်ကြပ်မကွာလိုက်တယ်။ တစ်ခုခုဆိုရင် သူကအရင်လုပ်ပေးတာမို့ နောက်ဆုံးမှာတော့ မင်းသားလေးရဲ့ မျက်ထောင့်နဲ့အကြည့်တစ်ချက်က သူ့ဆီကိုရောက်လာတယ်။
" ရိုက်ကူးရေးသွားမယ် ပြင်ထား၊ schedule တွေတစ်ခုမှမဖျက်ဘူး အဲ့ဒါတွေအကုန်ပြီးမှ ကောEvanဆီသွားမယ် "
" ဒါပေမဲ့ နားချိန်မရှိဘူးလေ "
" သိတယ်! "
" ကျန့်ကျန့် ... "
" ကျွန်တော်ပြောတဲ့အတိုင်းသာ လုပ်ပါ မန်နေဂျာ Dean "
" ကောင်းပါပြီ၊ ဒါပေမဲ့ ကောရှင်းပြတာကို တစ်ချက်လောက်နားထောင်ပေးပါဦးလား "
အသိပေးပြီးတာနဲ့ အ၀တ်လဲ ပြီးရှူတင်သွားဖို့ကို ရှောင်းကျန့်က Deanရှေ့က ထွက်လာတာဖြစ်တယ်။ သို့သော် ပြောလာတဲ့စကားတို့ကြောင့် သူ့ခြေလှမ်းတို့က ရပ်တန့်သွားရတယ်။
" တစ်ခါလိမ်ညာဖူးတဲ့သူက နောက်တစ်ခါအတွက် ဘယ်တော့မှ၀န်လေးနေမှာမဟုတ်ဘူး "
သူ့ကိုတစ်ချက်လေးတောင် လှည့်မကြည့်လာပဲ ထိုစကားတွေကို ကျောခိုင်းလျက်သား ပြောပြီးထွက်သွားတဲ့ မင်းသားလေးကြောင့် Deanကလက်ထဲက ဖန်ခွက်အလွတ်ကိုသာ ခပ်တင်းတင်းကိုင်ထားမိသည်။ ဒီနေရာအထိရောက်အောင်လာခဲ့တာက ဒီလိုအခြေအနေတွေဖြစ်လာဖို့မှမဟုတ်တာ။
