30

1.7K 151 11
                                    

[ Unicode ]

နံနက် ငါးနာရီ

လက်ကောက်၀တ်က တစ်စုံတစ်ခုလေးလံနေမှုကြောင့် ရှောင်းကျန့်ရဲ့ မျက်လုံးတို့ပွင့်လာတယ်။ အမြင်တွေဝေဝါးနေမှုကြောင့် မျက်တောင်နှစ်ချက်လောက်ခတ်ပြီး မြင်ကွင်းကိုကြည်လင်စေလိုက်သည်။ ပြီးမှသူ့ရဲ့လက်ကောက်၀တ်ကိုကြည့်လိုက်တော့ ရှောင်းကျန့်ရဲ့လက်တစ်ဖက်အပြင် နောက်ထပ်လက်တစ်ဖက်ကို ပူးပြီးနက်ခ်တိုင်နဲ့ တွဲချည်ထားသည်။

ကြီးမားကျယ်ပြန်တဲ့လက်တစ်ဖက်ရဲ့ပိုင်ရှင် ဘယ်သူဆိုတာကို အတည်ပြုစရာမလိုလောက်အောင် အဲ့ဒီလူရဲ့အစိတ်အပိုင်းတိုင်းကို အမြတ်တနိုးငေးခဲ့ရတဲ့ ရှောင်းကျန့်ကအလွတ်ရနေပြီဖြစ်တယ်။ သူ့ရဲ့လက်တစ်ဖက်လုံးက အဲ့ဒီလူရဲ့လက်ဖဝါးပြင်ထဲထွေးဆုပ်ခံထားရတဲ့အပြင် လက်ကောက်၀တ်ကလဲချည်နှောင်ခံထားရတယ်ကြောင့် တုတ်တုတ်မျှလှုပ်လို့မရချေ။ ရှောင်းကျန့်ကလဲ ရုန်းကန်လှုပ်ရှားဖို့အစီစဉ်ရှိမနေပဲ ထိုလက်နှစ်ဖက်ကို အချိန်အတန်ကြာအောင်စိုက်ကြည့်နေမိသည်။ ထို့နောက်တော့ သူ့ရဲ့သေးသွယ်သွယ်လက်ချောင်းလေးတွေက အဲ့ဒီလူရဲ့ရှည်လျားတဲ့‌လက်ချောင်းတွေကိုပြန်လည် ယှက်တွယ်လိုက်သည်။ ထိုအချိန်ခဏမှာပဲ ရှောင်းကျန့်ရဲ့မျက်၀န်းဝိုင်းတွေထဲ ငွေ့ရည်တို့ဖွဲ့လာရသည်။

~ ဒီလိုအခိုက်အတန့်ကို သူဘယ်လောက်ထိတောင် မြတ်နိုးရပါသလဲ၊ သူဘယ်လောက်အထိတောင်မှ လိုချင်မိခဲ့သလဲဆိုတာ သူကိုယ်တိုင်သာအသိဆုံး ~

ငါးမိနစ်လောက်နေတော့ ယှက်တွယ်ထားတဲ့သူ့ရဲ့လက်တွေကိုပြန်ပြီးဖယ်ထုတ်ပစ်လိုက်ပြီး အကြည့်တို့ကိုလဲထိုလက်အစုံထံမှလွှဲဖယ်ပစ်လိုက်သည်။ ဒါပေမဲ့သူ့ရဲ့လက်မှာတော့ နွေးထွေးမှုတစ်ချို့ကပ်ပါလာတာကို ခံစားရသည်။

မျက်နှာကိုတစ်ဖက်ခြမ်းလွှဲထားပြီး စိတ်အစုံကိုတင်းထားပေမဲ့ အဲ့ဒီလူရဲ့မျက်နှာကို ရှောင်းကျန့်ကငေးကြည့်ချင်နေတယ်။ ပြင်းထန်နေတဲ့သူ့ရဲ့စိတ်ဆန္ဒတွေကြောင့် သူဆက်ပြီးတင်းမထားနိုင်တော့ပေ။ ထို့ကြောင့်ခေါင်းကိုစောင်းလို့ခုတင်ခေါင်းရင်းကိုမှီပြီး ထိုင်လျက်အိပ်ပျော်နေတဲ့ အဲ့ဒီလူရဲ့ချောင်ကျနေတဲ့ခပ်နွမ်းနွမ်းမျက်နှာကို ရှောင်းကျန့်ကတွေ့လိုက်ရတယ်။ လွန်ခဲ့တဲ့ရက်တွေမှာ ဒီလူသားက စိတ်ရောလူပါအတော်လေးပင်ပန်းပြိုလဲခဲ့ကြောင်း အခုလိုသက်သောင့်သက်သာမရှိတဲ့အနေအထားနဲ့ အိပ်မောကျနေပုံကသက်သေပင်။

Hidden love Donde viven las historias. Descúbrelo ahora