[ Unicode ]
" ကော ကျွန်တော်ရောက်ပြီ "
" ကျန့်ကျန့် တစ်ယောက်တည်းလား Deanမပါဘူးလား "
" ကားပါကင်မှာကျန်ခဲ့တယ်ကော၊ ကျွန်တော်က
မစောင့်ပဲ အရင်လာခဲ့တာ "" မသိပါဘူးကွာ မန်နေဂျာကို ပလစ်ခဲ့ပြီး တစ်ယောက်ထဲများထွက်လာသလားလို့ "
" ဟီး... အခုက အဲ့လိုလုပ်ချင်ရင်တောင် လုပ်လို့မရဘူးကောရေ၊ ဒီမှာလေ ပတ်တီးမဖြည်ရသေးဘူး "
Evanကောကို ပတ်တီးစည်းထားတဲ့လက်မြှောက်ပြလိုက်ရသေးသည်။
" ဘယ်လိုဖြစ်ရတာလဲ ကျန့်ကျန့်ရယ်၊ ဆေးထပ်စည်းရတယ်ဆို "
" ဟုတ်တယ်ကော၊ ဟိုရက်က မနက်စာစားနေရင်း မေ့ပြီးတော့ ယိုပုလင်းကိုဖွင့်မိတာ "
ကောEvan ကတော့သူ့စကားကြောင့် ခေါင်းသာခါနေသည်။ အမှန်တိုင်းပြောလို့မဖြစ်တာကြောင့် ကောကိုလိမ်လိုက်ရတာ။ ထိုအချိန် Deanကောက ရောက်လာသည်။
" Dean မင်းက ကျန့်ကျန့်မန်နေဂျာ ဖြစ်ပြီး ဘာလို့ဒီကလေးတစ်ယောက်ကိုတောင် ဂရုမစိုက်နိုင်ရတာလဲ၊ အခုတော့ အချိန်မကြာသင့်တာ ကြာနေရပြီ၊ မတော်လို့ ဒဏ်ဖြစ်သွားရင် ဘယ်လို လုပ်မလဲ "
ရောက်တာနဲ့ အဆူခံလိုက်ရတာကြောင့် Deanက နားမလည်ဟန် ရှောင်းကျန့်ကိုကြည့်လိုက်မိသည်။ ထိုအခါ သူ့အမှားသူသိတဲ့ ရှောင်းကျန့်က Dean ကိုအားတုံ့အားနာဟန်ကြည့်နေတာမို့၊ ဘာဖြစ်နေတာလဲ နားမလည်ပေမဲ့ အလိုက်အထိုက်သာနေပေးလိုက်ရသည်။
" ကျွန်တော့်ပေါ့ဆမှုကြောင့်ပါ၊ နောက်တစ်ခါဒီလိုမဖြစ်စေရပါဘူး "
ဆက်တီခုံမှာ၀င်ထိုင်လိုက်တဲ့ Deanက သူ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ကျန့်ကျန့်ကို ကြည့်လိုက်တော့ သွားတွေအကုန်ပေါ်တဲ့အထိ ပြုံးပြနေသည်။
" အေး၊ ကျန့်ကျန့်ကလဲ ဂရုစိုက်မင်းတစ်ခုခုဖြစ်တာနဲ့ မင်းကျဲက မျောက်မိခဲကိုင်မိသလိုဖြစ်နေတာ၊ ငါ့ကိုတောင် အာရုံမရနိုင်ဘူး "
" ဘာလဲ ကျွန်တော့်ကြောင့် ကောနဲ့ကျဲလျှံဝေ အေးဆေးမကြည်နူးရလို့ ဆူနေတာပေါ့ အဲ့လိုလား "
