[Unicode]
ဒီနေ့က YL Ent ရဲ့ မိတ်ဆုံစားပွဲ...
ဒီလိုပွဲမျိုးကို သူတို့ရဲ့ Entက နှစ်တစ်နှစ်ရဲ့ ဒုတိယလမှာ ကျင်းပလေ့ရှိတယ်။ ပုံမှန်တစ်ယောက်ထဲပဲ တက်လေ့ရှိတဲ့ပွဲကို ဒီနှစ်တော့ CEOက သူ့ရဲ့ကြင်သူနဲ့ အတူတက်လာတယ် တစ်ခါမှမမြင်ဘူးတဲ့ အပြုံးတို့က နှုတ်ခမ်းထက်နေရာယူတယ်။
ရှောင်းကျန့်ရောက်သွားတဲ့အချိန်မှာ လူကအတော်ပင်စုံနေပြီဖြစ်တယ်။ ပြီးတော့ သူ့ကိုကြိုဆိုနေတဲ့မြင်ကွင်းကလဲ စိုက်စိုက်မြိုက်မြိုက် မသိကျိုးကျွံပြုလို့သာ ကျဲလျှံဝေတို့ရှိတဲ့နေရာကိုသာ သွားလိုက်သည်။
သွားနေတဲ့တစ်လျှောက် ဂျူနီယာလေးတွေနှုတ်ဆက်သမျှ သူကအပြုံးနုနုနဲ့သာတုန့်ပြန်လို့ စီနီယာတွေကိုတော့ လေးစားသမှုနဲ့ ဦးညွှတ်လို့ အရိုအသေပေးခဲ့ပြီး ကျဲတို့စီကို သူ့ရဲ့ခြေတံရှည်တွေကို အသုံးပြုလို့သာ ခပ်ကြဲကြဲခြေလှမ်းတွေနဲ့
" ကျန့်ကျန့်ရယ် နောက်ကျလိုက်တာ "
" ကျဲကသာစောရောက်နေတာမဟုတ်လား၊ ကျွန်တော်က အရှေ့မှာ photo shoot လေးရှိနေလို့ "
" အေး အဲ့ဒါပြောမလို့ အဲ့ဒီဝမ်ရိပေါ်က ငါတို့ကျန့်ကျန့်လေးကို အနားမပေးပဲ အချိန်စာရင်းအပြည့်နဲ့ နှိပ်စက်နေတာမလား ပြော ဒီကျဲကျဲက ဆုံးမပေးမယ် "
ပြောရင်း လျှံဝေကျဲက ဝတ်ထားတဲ့ Suitရဲ့လက်တွေကိုပါ ဟန်ပါပါလိပ်တင်လိုက်တာမို့ သူ့မှာသဘောတကျ
" ကျဲရယ် ကျွန်တော်ကသာအလုပ်လောဘကြီးနေတာပါ အခုနောက်ပိုင်း ကျွန်တော်ကပဲအလုပ်တွေကိုလက်ခံနေတာ၊ CEO ကအခုနောက်ပိုင်း သူ့အလုပ်နဲ့သူတောင်မအားဘူး မလား "
ကျဲလျှံဝေကိုပြောနေရင်း မျက်လုံးထောင့်ကနေ အဲ့ဒီလူကသူ့လက်မောင်းကိုချိတ်ထားတဲ့ ကျဲလီယာကိုပြုံးပြီးကြည့်လိုက်တာ မြင်ဖြစ်အောင်မြင်လိုက်သေးသည်။ တကယ်ကို ချစ်ခြင်းတရားတွေပြည့်လျှံနေတဲ့ အကြည့်နဲ့ အပြုံးတွေပါပဲ။
" အေးလေ ပျော်နေမှာပေါ့ သူတို့ကငယ်ချစ်တွေမလား၊ ရိပေါ်ထပ်လီယာက ပိုပျော်နေမှာ သူကငယ်ငယ်ကတည်းက ကြိတ်ပြီးကြိုက်လာတာလေ "
