[ Unicode ]
" ကျန့်ကျန့် ၀တ်စုံတွေရပြီ "
ဆေးရုံတက်ရတဲ့တစ်ရက်ကိုပဲ ရှောင်းကျန့် အလုပ်နားခဲ့တာဖြစ်တယ်။ လက်ကလှုပ်ရှားဖို့ မလွယ်သေးတာကြောင့် ရိုက်ကူးရေးတချို့ကိုနားထားပြီး ဖိတ်စာပို့ထားတဲ့ပွဲလေးတွေကိုတော့ တက်ပေးဖြစ်တယ်။ ဒီနေ့တော့သူ့ကို Gucci ရဲ့ BSအဖြစ်ခန့်အပ်ကြောင်း တရား၀င်ကြေငြာမယ့် ပွဲကိုတက်ရမှာကြောင့် Deanကောကို ၀တ်စုံသွားယူခိုင်းထားတာ။ သူတို့ကပို့ပေးမယ်ပြောပေမဲ့လဲပေါ့။
" ဘယ်အချိန်သွားရမှာလဲကော "
" ညနေသုံးနာရီလေ ကျန့်ကျန့် "
" ဒါဆို ကြားထဲမှာအားနေသေးတာပဲ၊ ကောပြန်နားရင်နားလိုက်လေ ကျွန်တော်လဲ ဇာတ်ညွှန်းပဲဖတ်စရာရှိတာ "
" ကောင်းပြီ၊ ဒါဆိုကောပြန်လိုက်ဦးမယ် နှစ်နာရီကို အရောက်ပြန်လာခဲ့မယ်၊ လက်အားစိုက်ပြီးလုပ်ရမဲ့ အလုပ်တစ်ခုမှမလုပ်နဲ့နော် "
" Yes, Sir သိပါပြီကောရာ စိတ်ချပြီးသာပြန်ပါ "
ဒါတောင်မယုံသလို၊ သူ့ကိုစိတ်မချသလို လှည့်ကြည့်လှည့်ကြည့်နဲ့ပြန်သွားတဲ့ Deanကောက တစ်ကယ်ကို မန်နေဂျာကောင်းတစ်ယောက်။
ဆေးရုံတက်ရတဲ့တစ်နေ့သာ အလုပ်ရှင်အနေနဲ့လာကြည့်ပေးတဲ့ အဲ့ဒီလူက သူဆေးရုံကဆင်းချိန် ဖုန်းဆက်ပြီးမေးလာတာက
" ကိုယ်အိမ်အထိလာကြည့်ပေးဖို့လိုသေးလား "
" မလိုပါဘူး CEO၊ ကျွန်တော်သက်သာနေပါပြီ "
တာ၀န်ယူမှု၊ တာ၀န်ခံမှု ဆိုတဲ့ခေါင်းစဉ်တွေအောက်ကနေမှရလာမဲ့ အဲ့ဒီလူရဲ့ ဂရုစိုက်မှုတွေကို သူတစ်ကယ်မလိုချင်ဘူး။ ကိုယ့်အတွက်သီးသန့်ဆိုပြီးလဲ ရှိလာမှာ မဟုတ်တော့တဲ့အတွက် အဲ့ဒီလူရဲ့ နွံကနေဒီထက်ပိုပြီးမနစ်မွန်းအောင် ကိုယ့်ကိုယ်ကို ကာကွယ်လိုက်တာ။
" မင်းအဆင်ပြေရင်ပြီးတာပဲ "
ဒါပါပဲ အဲ့ဒီလူကအတင်းဆွဲထားလို့ ဒီနွံကနေသူမရုန်းထွက်နိုင်တာမဟုတ်ပဲ တစ်ခါလောက်လေးများ လှည့်ကြည့်မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ရှောင်းကျန့်ကိုယ်တိုင်က နွံအိုင်ထဲမှာရပ်စောင့်နေမိခဲ့တာ။ ဒါပေမဲ့ အဲ့ဒီလူက သူ့ကိုသတိတောင်မထားမိတဲ့အချိန်မှာတော့ ခံစားချက်တွေကို အိတ်ထဲကောက်ထည့်ပြီး လူမသိသူမသိ လှည့်ပြန်ခဲ့ရတဲ့နေ့တွေပါပဲ။
