19

2.6K 302 18
                                    

" အား!!!!! "

Dean နဲ့အခြေအတင်ဖြစ်ပြီး ကျန့်ငယ်ရဲ့အိမ်ထဲကို၀င်ဖို့ လက်လျော့လို့ပြန်လာခဲ့တဲ့ရိ‌ပေါ်က မြစ်ကမ်းဘေးသို့ ကားကိုတစ်ရှိန်ထိုးမောင်းဆင်းတယ်။ ပြီးတာနဲ့အလောတကြီး ကားပေါ်ကဆင်းလို့ ရင်ထဲကမွန်းကြပ်မှုတွေလျော့ကျအောင် အသံကုန်အော်ပစ်လိုက်တယ်။

ပုံမှန်ဆိုရင် သူကသိပ်ကိုသန်မာတယ်၊ မထင်မှတ်ထားရလောက်ထိကို အေးစက်တယ်၊ နှလုံးသားမရှိဘူး ဒါတွေဟာ သာမန်၀မ်ရိပေါ် အနေနဲ့သာဖြစ်တယ်။ အချစ်နဲ့တွေ့တဲ့ ၀မ်ရိ‌ပေါ်ကတော့ မတူဘူး၊ ချစ်ရတဲ့သူကို မပိုင်ဆိုင်ရမှာသိပ်ကြောက်တယ်၊ သူ့ကြောင့်နဲ့ ချစ်ရသူပင်ပန်းရမှာကိုလဲ သိပ်ကြောက်ပြန်တယ်၊ အကြောက်ဆုံးက တခြားသူတစ်ယောက်နဲ့အတူတွဲမြင်ရတာကိုပဲဖြစ်တယ်။

အဲ့ဒါကြောင့်လဲ ကျန့်ငယ်ရဲ့ အနားကလူတွေကို အချိန်အတိုင်းတာတစ်ခုထိပဲ သူကနေခွင့်ပြုခဲ့တာ၊ CEO ဆိုတဲ့လုပ်ပိုင်ခွင့်နဲ့ အာဏာကို ရိပေါ်က ဒီနေရာမှာ အပြည့်အ၀အသုံးချတယ်။ ကျန့်ငယ်ရဲ့မန်နေဂျာတွေကို နှစ်လလောက်သာအနားမှာထားပြီး အသစ်လဲပစ်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ မတူတော့ဘူး....

Dean ဆိုတဲ့တစ်ယောက်ကိုတော့ ကျန့်ငယ်ကအတော်လေးကိုအားကိုပုံပဲ၊ သူ့ကိုလိမ်ညာထားတဲ့သူပါလို့ ရိပေါ်ကပြောပြထားတာတောင် အနားမှာဆက်နေခိုင်းတုန်းပဲ။ သူမဟုတ်တဲ့ တခြားသူကိုအားကိုးနေတာကို မြင်ရတော့ ဆိတ်၏ကွယ်ရာမှာ ရိပေါ်ကနာနာကျင်ကျင်ပဲ ပြိုလဲပါတယ်။

သိပ်ချစ်ရတဲ့လူသားကို လွတ်လွတ်လပ်လပ် မြတ်နိုးခွင့်၊ ချစ်ခွင့်ရခြင်းတွေနဲ့ မထိုက်တန်တဲ့ လူတစ်ယောက်ဖြစ်နေသ၍၊ ချစ်ရသူကို ဘယ်သူ့လက်ထဲမှမရောက်သွားအောင် ကြမ်းရမ်းပြနေခဲ့ရတဲ့ သူကရော...မနာကျင်ဘူးထင်နေတာလား... ဟင့်အင်း အတိုက်းထက်အလွန်ကို နာကျင်ရတယ်။ ပိုင်ဆိုင်လိုတဲ့ အတ္တတစ်ခုနဲ့ မစွန့်လွှတ်နိုင်ခြင်းတွေ ပေါင်းစည်းလိုက်တဲ့အခါ သူကသိပ်ကိုကြောက်ဖို့ကောင်းတဲ့ သူတစ်ယောက်အဖြစ်ပြောင်းလဲသွား‌တော့တာပဲ။

ဘာမှမဖြစ်သလို ဟန်ဆောင်နေရပေမဲ့ ရိပေါ်ရဲ့ရင်ထဲမှာ အကြောက်တရားတို့က အမြဲကြီးစိုးနေခဲ့တာကို သူကိုယ်တိုင်ပဲသိတယ်။ အဲ့ဒီစိတ်ကို ဘေးလူမမြင်နိုင်အောင် ချွန်းအုပ်လို့ တစ်ယောက်ထဲ ကြိတ်ခံစားနေရတဲ့ သူကလဲ ရူးမတတ်နာကျင်မှုမျိုးနဲ့ပါပဲ။

Hidden love Hikayelerin yaşadığı yer. Şimdi keşfedin