[ Unicode ]
ဆေးရုံကို နေ့တပိုင်းနဲ့ပြန်ဆင်းသွားတယ်ဆိုတဲ့ ကျန့်ငယ်ရဲ့သတင်းကြောင့် ရိပေါ်ကသက်ပြင်းမောတစ်ခုချတယ်။ သူ့ရဲ့အသည်းအသက်ကလေးက ဘယ်တော့မှ ကိုယ့်ကိုယ်ကို ဂရုမစိုက်တတ်ဘူး။ အဲ့ဒီအချိန်ရိပေါ်အတွေးထဲပေါ်လာသည်က။
~ ဒီကောင်ကြီးကိုသနားရင် ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ ကျန့်ငယ်ရယ် ~
ဟက်! မဖြစ်နိုင်သေးတဲ့ စိတ်ကူးယဉ်မှုတွေက မိနစ်ပိုင်းတောင်မခံ၊ ဆပ်ပြာပူပေါင်းလိုပဲ လေဟာနယ်ထဲ ပေါက်ကွဲပျောက်ကွယ်သွားရသည်။ နာကျင်နေပေမဲ့ ရွေးချယ်ထားတဲ့လမ်းကိုတော့ဆုံးအောင်လျှောက်ရမယ်မဟုတ်လား။
" CEO "
" အင်း "
" ဒီမှာ CEO ရှာခိုင်းထားတဲ့အချက်အလက်တွေပါ "
" ထားခဲ့ "
Samက မီးခိုးရောင်fileတစ်ခုကိုသူ့ရဲ့ အလုပ်စားပွဲပေါ်တင်ပေးခဲ့ပြီး ထွက်သွားခဲ့ပြီဖြစ်တယ်။ ရိပေါ်သူ့အရှေ့မှာရှိနေတဲ့ fileလေးကိုဖွင့်ကြည့်ဖို့ လက်လှမ်းနေတုန်းမှာပဲ ရုံးခန်းတံခါးက အရှိန်ပြင်းပြင်းနဲ့ပွင့်လာတယ်။ အဲ့ဒီနောက်တော့ ၀င်လာသူက CEOရဲ့ရုံးခန်းကို သူ့အိပ်ခန်းသဖွယ် ပြုမူနေတဲ့
လီယာ။ ထိုမိန်းမရဲ့နောက်မှာတော့ ရိပေါ်ရဲ့အတွင်းရေးမှုးလေးက အလောတကြီးလိုက်၀င်လာတယ်။ ကြည့်ရတာ သူလဲတားမရခဲ့ပုံ... ဒါကြောင့် မျက်ရိပ်ပြလို့သာ အပြင်ကိုပြန်ထွက်သွားစေလိုက်တယ်။ရိပေါ်ဒီမိန်းမကို စိတ်ကုန်နေတာ အတော်ကြာပြီဖြစ်တယ်။ အခုလိုမျိုး စိတ်ထင်တိုင်းလုပ်နေတာတွေမြင်ရရင်ပိုလို့တောင်ဆိုးသေးသည်။ ဒါပေမဲ့လဲ ဒီအခြေအနေထိရောက်လာပြီးမှာတော့ ချက်ခြင်းကြီးခါးသီးပြဖို့ဆိုတာကလဲ မဖြစ်နိုင်တာကြောင့်
" အခုဘာကိစ္စနဲ့ ရောက်လာတာလဲ လီယာ "
" မနက်ဖြန်ကျရင် ၀တ်စုံအစမ်း၀တ်ကြည့်ဖို့ Evanကပြောထားတယ် "
" ကိုယ်သိပြီ၊ ဒါပဲမလား ကိုယ်မအားသေးဘူးတာမို့ မင်းပြန်နှင့်လီယာ "
" မပြန်ဘူး ကိုရုံးဆင်းတဲ့အထိစောင့်နေမယ် "
ပြောပြီးတာနဲ့ ရုံးခန်းထဲကစက်တီခုံမှာ ၀င်ထိုင်နေတဲ့လီယာက တကယ်ကိုပြန်မယ့်ပုံမပေါ်တာမို့ ရိပေါ်သက်ပြင်းတစ်ချက်ချလို့
