Part - {20}

403 62 6
                                    

အီဗန်က အသာပြုံးတယ်။

"မတော်တဆ ငါနေမကောင်းဖြစ်မှာစိုးလို့လေ၊ အဲ့တာကြောင့် ဆေးတွေကို တစ်မျိုးချင်း စုခဲ့တာမို့ များနေတာ"

အီဗန်ရဲ့ အဖြေကောင်းမှုကြောင့် အစောက တုံ့ဆိုင်းနေတာကိုတောင် အမြန်ပဲမေ့သွားတယ်။ ကျွန်တော်လည်း အနည်းငယ်တော့ စိတ်သက်သာရာ ရသွားတယ်။ 'ငါ့မှာ နာတာရှည်ရောဂါတွေ မရှိတာမို့ စိတ်မပူနဲ့'လို့ ပြောရင်း အီဗန်က ကျွန်တော့်ကျော သပ်ပေးလာတယ်။

"စိတ်မပူပဲ ကျောင်းအရင်သွားလိုက် ဟေးလ်။ အခုသွားရင် မင်းအတန်းချိန် မှီသေးတယ်"

သူ့လက်တွေက ချွေးစေးတွေ စိုရွှဲနေတယ်။ အီဗန်ရဲ့ မျက်နှာကို အနီးကပ်ကြည့်လိုက်ရင် ပေရေနေတုန်းပဲ။ ဒါ့အပြင် ကျွန်တော် အသားကုန်ပြေးရင်တောင် အချိန်မှီတယ်ဆိုတာနဲ့ နီးစပ်ရုံလောက်ပဲ။ အထက်ပါပြောပြခဲ့တာတွေထက် အီဗန်ကို ဒီအခြေအနေနဲ့ ထားခဲ့ဖို့က မဖြစ်နိုင်ဘူးလေ။

"ငါဒီမှာပဲ နေမယ်"

"ဘာလို့လဲ?"

အီဗန်က သူမထင်ထားတဲ့ စကားကို ကြားလိုက်ရသလိုမျိုး ခေါင်းလေး စောင်းလိုက်တယ်။ နေမကောင်းတဲ့သူရှိရင်၊ ဒါပေါ့ သင် သူတို့ကို ဂရုစိုက်ပေးသင့်တယ်လေ။ ပြီးတော့ သူက ကျွန်တော်နဲ့အတူရှိနေတုန်း အအေးမိသွားတာလေ။

"ဘာလို့ဆို ငါက လူနာတစ်ယောက်ထဲ မချန်ထားခဲ့နိုင်လို့လေ။ ငါနေမကောင်းတုန်းကလည်း မင်းပြုစုပေးခဲ့တာပဲကို"

သူက ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး ခေါင်းငုံ့သွားတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ အီဗန်ရဲ့ အနက်ရောင် ဆံပင်တွေအောက်က နားရွက်တွေ နီနေတာ မြင်နေရတယ်။ သူက အိပ်ရာပေါ်မှာ ထထိုင်လိုက်ပြီး ခြေထောက်ကို ရှေ့နောက် လွှဲဆော့နေတယ်။

"အဲ့တာဆို တစ်နေ့လုံး ဟေးလ်နဲ့အတူ ငါတို့ အတူရှိနေတော့မှာပေါ့"

ကျွန်တော် ကျောင်းခွင့်ယူပြီး အီဗန်ကို ဂရုစိုက်ပေးဖို့ အတွေးရောက်နေတာနဲ့ပဲ သူ့စကားတွေကို ခေါင်းပဲ ငြိမ့်ပြလိုက်တယ်။ သူက နှစ်လိုဖွယ်ကောင်းအောင် ပြုံးပြလာတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Zawgyi)Where stories live. Discover now