Part - {38}

299 47 3
                                    

ကျွန်တော် အပြင်းအထန် ငြင်းဆန်ပြီးနောက် အီဗန်က ကျွန်တော် ရှာဖွေထားသမျှကို တစ်လုံးချင်းစီ ဖတ်ပြနေတယ်။ အစီအစဉ်တင်ဆက်သူတစ်ယောက်ရဲ့ အသံအတိုင်း သူဖတ်ပြလေလေ ကျွန်တော့်မှာ ချွေးစေးတွေ ထွက်ထွက်လာတယ်။ အခုတော့ ကျွန်တော့်မှာ ထုတ်တောင် မပြောနိုင်တော့ဘူး။

သတင်းတင်ဆက်သူလေး အီဗန်က ကျွန်တော် ကြမ်းပြင်ပေါ် လျှောတိုက်ပြီး နောက်ဆုတ်,ဆုတ်သွားတာ မြင်တော့ ကျွန်တော့်ခြေချင်းဝတ်ကို လှမ်းဆုပ်ကိုင်လိုက်တယ်။ အဲ့ဒီ့နောက် ကျွန်တော့်ခြေချင်းဝတ်ကို သူ့ဆီ ဆွဲလိုက်တယ်။ ကျွန်တော့်ဟန်ချက်လည်း ပျက်သွားပြီး ကို့ရို့ကားယားပုံစံလေး ဖြစ်နေရောပဲ၊ ထိုင်နေတာလည်း မဟုတ်သလို ထနေတာလည်း မဟုတ်။ ပြီးတဲ့နောက် သူက ကျွန်တော့်ပေါ် တက်ခွလာတယ်။ အဲ့ဒီ့ပုံစံက ကျွန်တော် အစောကလေးတင် ချော်လဲသွားပုံနဲ့ ခပ်ဆင်ဆင်ရယ်။

အီဗန် အပေါ်မှာ ရှိနေတာနဲ့ အောက်မှာ ရှိနေတာ၊ အဲ့နှစ်ခုမှာ ကွာခြားချက်များ ရှိသလားပဲ?

“ဒါဆို ဟေးလ်။ မင်း တောင်းပန်မလို့ မဟုတ်လား?”

“...”

ကျွန်တော် ဘေးကို နည်းနည်း တိုးလိုက်ပေမဲ့ အီဗန်က ဆင်းမလာဘူး။ အခုတော့ ကျွန်တော့်မှာ အဆိပ်လှောင်အိမ်ထဲ မိနေတဲ့ ကြွက်ကလေးလိုပဲ(မလူးသာ မလွန့်သာ အခြေအနေ)။ သူ့ပုံစံက ကျွန်တော် မပြောမချင်း ဖယ်မဲ့ပုံမဟုတ်ဘူး။ ကျွန်တော် ပြောလိုက်ရုံပဲ တတ်နိုင်တော့တယ်။

“... အဲ့ဒီ့အတွက် တောင်းပန်ပါတယ်။”

“ပိုကျယ်အုန်း”

လည်ပင်းက တောင့်တင်းနေပြီ။ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး နောက်တစ်ခေါက် ထပ်ပြောလိုက်ရတယ်။

“Hey အရမ်း... တောင်းပန်ပါတယ်”
(T/N : ဟေးလ်က +ခန်းတွေ ရှာကြည့်မိလို့ တောင်းပန်တာပါ။ အဲ့တာကို အီဗန်က +ခန်း ရှာလို့ တောင်းပန်ခိုင်းတာ မဟုတ်ပဲ သူ့ကို မမေးတဲ့အတွက် တောင်းပန်ခိုင်းတာပါ။ အီဗန်က လက်တွေ့ပြချင်တာကိုး ><)

အဲ့ဒီ့တော့မှ အီဗန်က သဘောတကျ ပြုံးပြီး ကျွန်တော့်အပေါ်ကနေ ဆင်းသွားတယ်။ သူက အမြန်ထပြီး သွားခဲ့ပေမဲ့ ကျွန်တော်ကတော့ ထတောင် မထနိုင်ဘူး။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Zawgyi)Onde histórias criam vida. Descubra agora