Part - {77}

116 16 0
                                    

ကျွန်တော့်ရဲ့ စိတ်ကို ဘာလို့ နားမလည်ရတာလဲ? အီဗန်က ဘာစကားမှ မပြောဘဲ ပြုံးရုံသာ ပြုံးနေတယ်။ တစ်ခဏလောက် ကြောက်လန့်ဖွယ်ရာ လှပတဲ့ အပြုံးကို ထိန်းသိမ်းပြီးနောက် ကျွန်တော့်ကို ပစ္စည်းတစ်ခု ထပ်ပေးလာတယ်။ သူ့လက်မှာ ရှိနေတာက ကျွန်တော့်လည်ပင်းက လည်ပတ်နဲ့ ဆင်တူတဲ့ လည်ပတ်တစ်ခုပဲ။ အီဗန်ရဲ့ အနက်ရောင်တွေ ပါဝင်တဲ့ လည်ပတ်က ကျက်သရေရှိစွာ လှပပေမဲ့ ကျွန်တော့်အတွက်ကတော့ တွန့်ဆုတ်နေရတယ်။

“တပ်ပေးအုန်း”

“…ဘာလို့လဲ?”

“ငါ့ကို တပ်ပေးပါ”

ကျွန်တော် မယုံကြည်နိုင်စွာနဲ့ မျက်လုံးမှိတ်လိုက်တော့ အီဗန်က ကျွန်တော့်လက်ထဲကို လည်ပတ် ထည့်ပေးလာတယ်။ စကားလုံးကို တစ်လုံးချင်းစီ သေချာ ရှင်းရှင်းလင်းလင်း ပြောနေရင်း အီဗန့်မျက်နှာက ဝင်းလဲ့နေတယ်။

“ငါ့ကို ဟေးလ်ရဲ့အပိုင် လုပ်လိုက်ပါ ဟေးလ်”

အီဗန်က ကျွန်တော့်လက်ကို ကိုင်လိုက်တယ်။ အနက်ရောင် ဆွဲသီးလေးက ဆုပ်ကိုင်ထားတဲ့ လက်တွေကြားထဲကနေ ပြူထွက်နေတယ်။ ဆွဲသီးရဲ့ ပွတ်တိုက်မိသံကိုလည်း မကြိုက်သလို ကျွန်တော့်လက်ထဲမှာ ရှိနေတဲ့ မရင်းနှီးလှတဲ့ အလေးချိန်ကိုလည်း မကြိုက်ဘူး။ ဒါပေမဲ့ ကျွန်တော် အမုန်းဆုံးက…။

“ဟေးလ်ရဲ့ လက်တွေနဲ့”

အဲဒီ့စကားလုံးတွေကို အီဗန် ပြောလာတယ်။

ငြင်းပယ်ဖို့အတွက် ကျွန်တော် ချက်ချင်း ခေါင်းယမ်းဖို့ ကြိုးစားလိုက်တယ်။ ကျွန်တော့်လက်ထဲက လည်ပတ်ကို ပစ်ထုတ်ဖို့ လုပ်နေမှန်း သိလိုက်တဲ့ အီဗန်က တိုးတိုးလေး ထပ်ပြောလာတယ်။

“ငါ ဟေးလ်နဲ့ ရိုးရှင်းတဲ့ တစ်ဖက်သတ် ဆက်ဆံရေးမျိုး မလိုချင်ဘူး ဟေးလ်။ ငါတို့တွေက ဒီ့ထက် ပိုလေးနက်တဲ့ ဆက်ဆံရေးမျိုး ရှိသင့်တယ်။ ဘာလို့လဲဆိုရင် ငါတို့တွေက သိပ်ချစ်ကြတာလေ”

လှည့်လာမလို့ လုပ်နေတဲ့ ကျွန်တော့်ခေါင်းက တောင့်တင်းစွာနဲ့ ရပ်သွားရပြန်တယ်။ ဖန်ပန်းအိုးကွဲစတွေအပေါ် တက်နင်းလိုက်တဲ့ အသံကို ကြားလိုက်တာနဲ့ ခန္ဓာကိုယ်က မလှုပ်မယှက် ဖြစ်သွားရပြန်တယ်။ ခြေထောက်တွေက ကျွန်တော့်ခြေထောက်တွေနဲ့ ထိသွားပြီး လိမ်ယှက်သွားတယ်။ သိပ်မကြာလိုက်ဘဲ နူးညံ့တဲ့ စောင်တစ်ထည်က ကျွန်တော့်နောက်ကျောနဲ့ ထိသွားပြီး အီဗန်က ကျွန်တော့်အပေါ်ကနေ နှုတ်ခမ်းတွေကို လျက်လိုက်တယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Zawgyi)Donde viven las historias. Descúbrelo ahora