Part - {32}

304 48 1
                                    

အဲ့ဒီ့ မျက်လုံးပြာတွေကတောင် စကားပြောနေသယောင်ပဲ။ မင်းငါ့နောက် မလိုက်ခဲ့ရင်၊ အီဗန်အပေါ်ကို ပိုထိခိုက်အောင် လုပ်တော့မှာဆိုတာမျိုး။ တစ်ကိုယ်လုံး တုန်တက်သွားတယ်။ ဆိုက်ကိုသမားဆိုတာ သူ့လိုလူကို ပြောတာလား? ရူဒယ်က ကျွန်တော့်ရဲ့ ကြောက်လန့်သွားတဲ့ မျက်နှာကိုမြင်ပြီး သဘောကျသွားသလိုနဲ့ ဆက်ပြီး ပြောတယ်။

"လိုက်ခဲ့"

'မဟုတ်ရင် သိတယ်မလား?'တဲ့။

ကျွန်တော်ဒါကို ဘယ်လိုလုပ်ရမှာလဲ? ကျွန်တော်တုန့်ဆိုင်းနေတာမြင်တော့ ရူဒယ်က ပြုံးသွားတယ်။ အဲ့ဒီ့အပြုံးထဲမှာ စိတ်ကျေနပ်နေတဲ့ ခံစားချက်ကလွဲရင် အခြား ဘာအတုအယောင်မှ မပါဘူး။ ရူဒယ်ရှားဘတ်၊ ဒီအရူးက သူစီစဉ်ထားတဲ့အတိုင်း ဖြစ်နေတဲ့အခြေအနေကို သဘောကျနေမှာပေါ့။

ဒီလူ တစ်ယောက်ယောက်ကို သတ်လိုက်ရင်တောင်မှ ပုံမှန် မျက်နှာအနေအထားနဲ့ ပြုံးနေသေးလောက်တယ်။ အဲ့ဒီ့အချိန်မှာပဲ သူက ကျွန်တော့်တစ်ကိုယ်လုံးကို အားနဲ့ ဆွဲခေါ်သွားတော့တယ်။

"ခင်‌ဗျားရဲ့လက်ကို လွှတ်လိုက်"

အီဗန်က ကျွန်တော့်ခါးကို ပွေ့ဖက်ထားတဲ့ ရူဒယ်ရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး ကျွန်တော့်ကို ဆွဲခေါ်သွားတယ်။ ရူဒယ်က ချက်ချင်းပဲ လက်လွှတ်လိုက်တော့ ဆွဲခေါ်မှုမှာ ပါသွားပြီး ကျွန်တော်က အီဗန်ရဲ့ လက်မောင်းတွေကြားထဲ ပါသွားတယ်။ ရူဒယ်က ညစ်ပတ်တဲ့အရာ ကိုင်လိုက်ရသလိုမျိုး လက်ကို သုတ်နေလိုက်သေးတယ်။

"ပရီစတင်ကမှ လွှတ်ပေးရမှာ။ ဟေးလ်က ထိခိုက်ထားတယ်လေ။ ကိုယ်သူ့ကို ဆေးထည့်ပေးမလို့"

"အဆောင်မှာ ဆေးတွေ အလုံအလောက်ရှိတယ်။ ကျွန်တော် ခေါ်သွားလိုက်မယ်"

အသိအသာကိုပဲ၊ နှစ်ယောက်သားက နူးညံ့တဲ့လေသံနဲ့ ပြောနေပေမဲ့ ‌အငွေ့အသက်ကတော့ သွေးနံ့တွေပါ ရနေသလိုပဲ။

"ရပါတယ်။ ထိခိုက်မိထားတဲ့ ကျောင်းသားတွေကို ကုသပေးရမှာက ကိုယ့်တာဝန်ပါ"

ဘာတာဝန်လဲ? သူ ဆေးပေးခန်းသွားတဲ့နေ့ထက် ကျွန်တော့်နားမှာ ဝဲလည်ဝဲလည်လုပ်တဲ့နေ့တွေက ပိုများနေတာကို။ သူ့တို့ပြောနေတာကို တိတ်တိတ်လေး နားထောင်နေတုန်း ရူဒယ်က ကျွန်တော့်လက်ကောက်ဝတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်တယ်။ အီဗန်ရဲ့ အထိအတွေ့နဲ့ ကွဲပြားစွာ သူ့ရဲ့အထိအတွေ့က ရွံစရာကောင်းတာမို့ မျက်မှောင်ကြုံ့လိုက်တယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Zawgyi)Tempat cerita menjadi hidup. Temukan sekarang