Part - {47}

262 29 0
                                    

“ဟေးလ် စောစောဖုန်းခေါ်ပြီး ပြောထားသင့်တယ်နော်။ နောက်ကျမှ ဖုန်းခေါ်နေရင်တော့ အလကားပဲလေ။”

အီဗန်ပြောတာ မမှားပါဘူး။ ဒါပေါ့၊ ဗာဒီဂါက လူတွေက ဖုန်းခေါ်ခေါ်၊ မခေါ်ခေါ် ဂရုစိုက်နေမှာတော့ မဟုတ်ဘူး။

“...အင်း”

ကျွန်တော် ဖုန်းခေါ်ပြီး ပြောပြနေဖို့အထိ လိုတယ်မထင်တာကြောင့် စာကြောင်းအနည်းငယ်ပဲ ရိုက်ပို့လိုက်တယ်။ ပေးပို့သည်ဆိုတဲ့ ခလုတ်ကို မနှိပ်ခင်အထိ အချိန်အနည်းငယ် ယူလိုက်ဖြစ်တာပေါ့။ အီဗန်ကတော့ ကျွန်တော့်ဘေးကနေ တွယ်ကပ်ပြီး လိုက်ကြည့်နေတယ်။

စာပေးပို့ပြီးသွားတော့ အီဗန်က ပုံမှန်ထက်ကို တောက်တောက်ပပ ပြုံးပြလာတယ်။ သူ့ကြည့်ရတာ ပုံမှန်ထက်ကို ပျော်ရွှင်နေသလိုပဲ။ သူက တစ်ယောက်ထဲ အထီးကျန်နေခဲ့ရတာဆိုတော့ ဒီတုံ့ပြန်မှုက သဘာဝကျတယ်လို့ ပြောလို့ရပေမဲ့ ဒါက ရိုးရိုးသားသား ပျော်ရွှင်မှုဆိုတာနဲ့ ကွဲပြားနေသလိုပဲ။

ကျွန်တော် ထူးဆန်းတယ်လို့ ခံစားရတုန်း ဖုန်းဝင်လာတယ်။

ဗာဒီဂါက လူတွေ ဖုန်းခေါ်လာတာလားဆိုပြီး ကျွန်တော် လန့်သွားတာ။ ဖုန်းက လေထဲမှာတင် တစ်ပတ်လည်သွားတယ်။ ကြမ်းပြင်ပေါ်ထိ မရောက်ခင် ဖမ်းမိလိုက်လို့ ဖုန်းမျက်နှာပြင်ကတော့ မထိခိုက်သွားဘူး။

“အိုး၊ ကာမန်ပဲ။”

မသိလိုက်ခင်မှာပဲ ဖုန်းမျက်နှာပြင်ပေါ်က ရင်းရင်းနှီးနှီး ရှိလှတဲ့ စာလုံးသုံးလုံးကို အသံထွက် ပြောမိသွားတယ်။ အီဗန်ကလည်း ကျွန်တော့်ကို ဘေးကနေ စူးစိုက်ကြည့်နေတာ။ အဲ့တာက နည်းနည်း ဝန်ထုပ်ဝန်ပိုး ဖြစ်သလို ခံစားရလို့ တစ်ဖက်လှည့်လိုက်ပြီး အသံကို တိုးချလိုက်တယ်။

“အာ ဘာလို့လဲ?”

[Hey. မင်းအရမ်းကို တိုတိုတုတ်တုတ် ပြောနေတာ မဟုတ်လား? ‘အာ ဘာလို့လဲ?’ဆိုတာ ဘာကြီးလဲ?]

ပုံမှန်အတိုင်း ပေါ့ပါးနေတဲ့ အသံtoneပဲ။ ပြန်ပြောပြစရာမလိုလောက်အောင် အသံက ဟိန်းထွက်လာပြီး အခန်းထဲမှာ ပဲ့တင်ထပ်သွားတယ်။ အီဗန်က ခေါင်းလေး စောင်းလိုက်ပြီး အိပ်ရာပေါ် ကန့်လန့်ဖြတ် ထိုင်ချလိုက်တယ်။ သူ့မျက်လုံးတွေကတော့ ကျွန်တော့်ဆီမှာပဲ။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Zawgyi)Donde viven las historias. Descúbrelo ahora