ဒီနေ့တော့ ကျွန်တော် ဟေးလ်ရဲ့လက်ကို ကိုင်ခဲ့တယ်။ စိတ်ကျေနပ်လောက်တဲ့အထိ မဟုတ်ပေမဲ့ အနာဂတ်မှာ လုပ်ဆောင်မဲ့အရာတွေရဲ့ အခြေခံအစလို့ သတ်မှတ်လိုက်ရင် သိပ်တော့ မဆိုးပါဘူး။
ဟေးလ်ကျွန်တော့်ကို ရှောင်နေခဲ့တုန်းက သူ့(ဟေးလ်)မျက်လုံးတွေဟာ ထွက်ကျသွားတော့မလိုပဲ။ သူ့မျက်နှာမှာ 'ငါလိမ်နေတာ'ဆိုတာမျိုး မြင်နေရတဲ့ ဘယ်သူမဆို ချစ်စရာလေးလို့ သတ်မှတ်ကြမှာပဲ။ နောက်ပြီး ကျွန်တော်သူ့ကိုယ်ကို ထိတွေ့လိုက်တိုင်း တွန့်လိမ်သွားပုံလေးက အဲ့လိုဖြစ်လေ ရပ်လိုက်ဖို့ ခက်ခဲလေပဲ။
သူက ကျွန်တော့်ဆီကနေ အမြဲထွက်ပြေးနေတယ်။ ဒါပေမဲ့ ကျွန်တော် သူ့နောက်လိုက်နေတာ၊ ဒါမှမဟုတ် တိတ်တိတ်လေး ငေးကြည့်နေခဲ့တာမို့ သူ့မျက်နှာကို မြင်တွေ့ခွင့် မလျော့ခဲ့ဘူး။ ဒါပေမဲ့လည်း၊ အဲ့ခံစားချက်ကြီးက မကောင်းဘူး၊ ဒါပေမဲ့ မကောင်းတာကို ခံစားနေရတုန်း။
"မင်း ဒီလိုဆက်ရှောင်ပြေးနေရင်၊ မင်းနည်းနည်းလေး ထိခိုက်လာတော့မှာနော်"
ကျွန်တော်သူ့ကို ထွက်မပြေးနိုင်အောင် ချည်နှောင်ထားရမလား? အတူတူ ပိတ်လှောင်နေကြရင် ပိုကောင်းမလား?
ဟေးလ်ရဲ့ မှိတ်ချထားတဲ့ မျက်လုံးတွေပေါ်က ငွေရောင်ဆံပင်တွေကို လက်ဖမိုးနဲ့ သပ်တင်လိုက်တယ်။ သူ့ရဲ့မျက်ခွံတွေအောက်မှာ ဖုံးကွယ်နေတဲ့ ရွှေရောင်မျက်ဝန်းတွေက ကျွန်တော့်ကို ကြည့်နေသလို မြင်ယောင်ကြည့်တယ်။ အဲ့ဒီ့နောက် ကျွန်တော့်လက်ချောင်းအဖျားတွေကနေ အနည်းငယ်တုန်ယင်သွားတာကို ခံစားမိလိုက်တယ်။ ဟုတ်သားပဲ၊ ဟေးလ်ရဲ့ အသက်ရှုနှုန်းက ပုံမှန်ထက် ပြင်းပြနေတာပဲ။
မင်းနိုးလာပြီပေါ့။
ကျွန်တော် တမင်အိပ်ချင်ယောင်ဆောင်နေတဲ့ ဟေးလ်ကို နမ်းလိုက်တယ်။ မျက်ခွံတွေ တုန်လှုပ်သွားတယ်လေ။ ထင်တဲ့အတိုင်း သူနိုးလာပြီ။ အခုက အခွင့်အရေးပဲ။
"မင်း ကောင်းကောင်း အိပ်ပျော်ရဲ့လား?"
သူနောက်တစ်ကြိမ် ထွက်ပြေးသွားမှာ စိုးလို့ ဟေးလ်ရဲ့ကိုယ်ပေါ်မှာ ခေါင်းတင်လိုက်တယ်။ ဒီလိုဆို၊ ဟေးလ်က ရုတ်တရက်ထွက်မပြေးနိုင်သလို၊ ထွက်ပြေးဖို့ ထနိုင်မှာလဲမဟုတ်ဘူး။ ဘာလို့ဆို သူက ကျွန်တော် ထိခိုက်သွားမှာ အမုန်းဆုံးမလို့လေ။
VOCÊ ESTÁ LENDO
အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Zawgyi)
RomanceLanguage Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Description ကျွန်တော်က နာမည်ကြီး BLဝတ္ထုထဲက အထက်ပုဂ္ဂိုလ်ထဲ ကူးပြောင်းလိုက်ရပေမဲ့ အောက်ပုဂ္ဂိုလ်က ထူးဆန်းတယ်ဗျ။...