Part - {80}

111 15 0
                                    

“… ဒီလို အမှိုက်တွေ အကုန်လုံး သိမ်းထားစရာ မလိုဘူးလေ”

“အကုန်လုံးက ဟေးလ်နဲ့ သက်ဆိုင်တာတွေလေ။ အဲဒီ့လိုဆို ငါ့အတွက်တော့ အမှိုက် ဟုတ်မနေဘူးလေ။”

“အဲဒါကြောင့်နဲ့…”

“ငါ့စိတ်ထဲမှာတော့ ဟေးလ်ကို အချိန်တိုင်း ချုပ်ကိုင်ထားချင်နေတာ၊ ဒါပေမဲ့ မဖြစ်နိုင်ဘူးလေ၊ အဲဒီ့ကြောင့် ငါ့လက်ထဲမှာ ကိုင်ထားလို့ ရတာတွေကိုပဲ ကိုင်ထားလိုက်တာ။”

အီဗန်က သူကိုင်ထားတဲ့ မှတ်စုစာအုပ်ကို ချလိုက်ပြီး ကျွန်တော့်ဆီ ရောက်လာတယ်။ လေထဲက တင်းမာမှုတွေက တဖြည်းဖြည်း အားပျော့လာပြီး အနည်းငယ် နူးညံ့လာတယ်။ ဒီတစ်ကြိမ်တော့ အီဗန် ကပ်လာတာတောင် နောက်ကို မဆုတ်ဘဲ အချင်းချင်း မျက်နှာချင်းဆိုင် ဖြစ်သွားတယ်။ ကျွန်တော်က ထိုင်နေတဲ့အတွက် အီဗန်က မျက်လုံးအမြင့်ချင်း ညီသွားအောင် ဒူးထောက်လိုက်တယ်။

ဖြောင့်တန်းနေတဲ့ လက်ချောင်းက ကျွန်တော့်နဖူးကို တို့ထိလာတယ်။ အဲဒီ့နောက် နှာတံတစ်လျှောက် လျှောဆင်းလာပြီး နှုတ်ခမ်းတွေဆီ ဆင်းသက်လာတယ်။ လက်ဖျားထိပ်တစ်ခုက ကျွန်တော့်မေးစေ့နားထိ ရောက်လာပြီး ကျွန်တော့်ခေါင်းကို အနည်းငယ် ပင့်မလိုက်တယ်။ ဒီလုပ်ရပ်လေးက သူ့အရေပြားကို ခံစားမိစေတဲ့အထိ နှေးနှေးကွေးကွေး ရှိလှတယ်။ သူ့လှုပ်ရှားရာအတိုင်း ပါလာတဲ့ မျက်နှာကို ကြည့်ပြီး အီဗန်က စကားစလာတယ်။

“ဟေးလ်က အိပ်မက်တစ်ခု၊ ဒါမှမဟုတ် ပုံရိပ်ယောင်တစ်ခု ဖြစ်မနေတဲ့အတွက် ငါဘယ်လောက် ကံကောင်းမှန်း ဟေးလ်မသိပါဘူး။”

“ဒါက ဘာလို့ ဟေးလ်လက်တွေ ချုပ်နှောင်ခံထားရတာလဲ ဆိုတာပေါ့။”

ထပ်ပြောလာတဲ့ စကားတွေကို ကြားလိုက်ရချိန်မှာ ကျွန်တော် ပင့်သက်ရှိုက်မိတယ်။ ပြောခဲ့တာက သူဆုပ်ကိုင်ထားလို့ ရသမျှ အရာအားလုံးကို သူ့လက်ထဲ ဆုပ်ကိုင်ထားခဲ့တယ်တဲ့။ ဒါကြောင့် ကျွန်တော့်လက်ကို ချုပ်နှောင်ထားပြီး ဒီလိုမျိုး အဖမ်းခံထားရတာပေါ့? အဲဒီ့ကြောက်စရာကောင်းတဲ့ အတွေးကြောင့် ကျွန်တော့်ခေါင်းကို ဘယ်ပြန်ညာပြန် ခါယမ်းလိုက်တယ်။ ခုခံသလို အပြုအမူကြောင့် အီဗန့်လက်တွေက လျှောကျကုန်တယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Zawgyi)Onde histórias criam vida. Descubra agora