ကျွန်တော်လည်း စိတ်လှုပ်ရှားစွာနဲ့ သူ့ခါးကို ကိုင်ထားလိုက်တယ်။ အီဗန့်ခါးသွယ်သွယ်လေးက လက်တစ်ဖက်တည်းနဲ့ ပွေ့ထားလို့ ရတယ်။ ပွေ့လိုက်တာက တင်းကြပ်သွားတာမို့ နည်းနည်း ရှက်သွားပြီး လက်ကို နည်းနည်း ပြန်လျော့လိုက်တယ်။ ပြီးတဲ့နောက် အီဗန့်နှုတ်ခမ်းတွေကို လျှာဖျားလေးနဲ့ တို့ထိကြည့်လိုက်တော့ ချက်ချင်း နူးညံ့မှုကို ခံစားမိလိုက်တယ်။ ကျွန်တော်လည်း မျက်လုံးကို တင်းတင်း မှိတ်ထားလိုက်တယ်။
ဒါပေမဲ့ ဘာမှ ဆက်မဖြစ်လာခဲ့ဘူး။ ပုံမှန်ဆို ဒီလောက် အနေအထားလောက် ရောက်ပြီဆိုရင် အီဗန်က သူ့ရဲ့ လျှာဖျားလေးနဲ့ ကျွန်တော့်လျှာဖျားနဲ့ ရစ်ပတ်လုံးထွေးနေလောက်ပြီ။ ဒါပေမဲ့ ထူးဆန်းစွာပဲ ဘာမှ မတုံ့ပြန်လာတော့ မျက်လုံးလေးကို အသာ ဖွင့်ကြည့်လိုက်တယ်။ စူးရှတောက်ပနေတဲ့ အနက်ရောင်မျက်ဝန်းတွေနဲ့ အကြည့်ချင်းဆုံသွားတယ်။
ကျွန်တော့်ကို နမ်းဖို့ ပြောလို့ ကျွန်တော်လည်း နမ်းတယ်လေ။ နှုတ်ခမ်းချင်းကော၊ လျှာဖျားချင်းကောပဲဟာ။
တွင်းနက်ကြီးထဲ ရောက်နေသလိုပဲ (ကူရာကယ်ရာမဲ့နေသလိုပဲ)။ ကျွန်တော်က ဒီလိုတွေမှ မလုပ်တတ်တာ။ ဒီခန္ဓာကိုယ်ကသာ gongဖြစ်နေပေမဲ့ ဒီလို နည်းလမ်းတွေ နေရာမှာတော့ gongဟုတ်မနေဘူး။ ကျွန်တော် မျက်မှောင်ကြုံ့လိုက်သလို အီဗန်ကလည်း တိတ်ဆိတ်နေတုန်းပဲ။ ကျွန်တော့်လည်ပင်းကို မှီတွယ်ချိတ်ထားတဲ့ အီဗန့်လက်က မှော်စွမ်းအား ပါနေသလိုမျိုး ကျွန်တော်ကတော့ တိတ်တိတ်လေး ဆက်မနေနိုင်ဘူး။
ကျွန်တော် မနေနိုင်မထိုင်နိုင်နဲ့ လျှာဖျားကို နည်းနည်း ဆန့်ထုတ်လိုက်တယ်။ အတော်လေးကို နည်းနည်းလေးပဲ ဆန့်ထုတ်လိုက်တာပဲ။ အဲဒီ့လိုနဲ့ ကျွန်တော် အီဗန့်နှုတ်ခမ်းတွေကို ထပ်လျက်လိုက်တယ်။ ကျွန်တော့်လျှာဖျားကိုတောင် သူ့ပါးစပ်ထဲ မထည့်ရဲဘူး။
နှစ်ခါလောက် လျက်လိုက်ပြီးတော့ အခု ဘာလုပ်ရမလဲ မသိတော့ဘူး။ ကောင်းလိုက်တာ၊ ကျွန်တော့်ပုံစံက ကြောင်တစ်ကောင် လျက်နေတာ ကြနေရောပဲ။
“…ဟေးလ်?”
အီဗန်က မနေနိုင်တော့ဘဲ စကားပြောလာတော့တယ်။ ကျွန်တော် လုပ်တာမှားနေပြီလို့ တွေးမိတဲ့အခါ အီဗန်ကို အမြန်ပဲ တွန်းထုတ်လိုက်တယ်။ အီဗန်က သူ့ရဲ့ စိုစွတ်နေတဲ့ နှုတ်ခမ်းကို သုတ်လိုက်ရင်း ခြေတစ်လှမ်းနှစ်လှမ်းလောက် ဆုတ်သွားတယ်။
CZYTASZ
အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Zawgyi)
RomansLanguage Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Description ကျွန်တော်က နာမည်ကြီး BLဝတ္ထုထဲက အထက်ပုဂ္ဂိုလ်ထဲ ကူးပြောင်းလိုက်ရပေမဲ့ အောက်ပုဂ္ဂိုလ်က ထူးဆန်းတယ်ဗျ။...