Part - {36}

344 46 3
                                    

ကျေးဇူးပြုပြီး ဒါလေးကို အရင်ဖတ်ပေးပါ။ အမှန်က အခုရက်ပိုင်း ဘာကိုမှ updateမလုပ်နိုင်ခဲ့တာပါ။ ကိုယ် တလရအတွက် pageတစ်ခုမှာ စာတွေရေးပေးရင်း runကူတယ်ပေါ့နော်။ အဲ့မှာ CDMဆရာမကြီးမို့ ဝင်ငွေမရှိလို့ Englishစာလေး သင်ပေးရင်း ငွေရှာချင်နေလို့ ကူပါအုန်းတဲ့။ ကိုယ်တွေအဖွဲ့ကလည်း ဟုတ်ပြီဆိုပြီး တက်တက်ကြွကြွနဲ့ ကူလိုက်တယ်။ သင်တန်းချိန်တွေ ညှိပေး၊ တစ်ယောက်၅၀၀၀နှုန်းနဲ့ သင်တန်းကြေးကောက်ပြီး ဆရာမကြီးကို လွှဲပေးလိုက်တာ။ သင်တန်းကြေးတွေလည်း ရရော၊ အဲ့ဒီ့ဆရာမက အဆက်အသွယ်တွေဖြတ်၊ ဖုန်းပါစက်ပိတ်သွားလေရဲ့! Waveရုံးကို ဖုန်းဆက်တော့ ‌ပိုက်ဆံတွေ အကုန်ထုတ်ပြီးပြီတဲ့လေ။ အံ့ပါရဲ့နော်! ဒီကာလကြီးမှာ CDMဆရာမဆိုလို့ ကိုယ်တွေ လုပ်ပေးလိုက်ရတာ။ လူလိမ်တွေနဲ့ လာတိုးသွားတယ်။ ပိုက်ဆံပြန်လျော်ပေးရတာ ကိစ္စမရှိပေမဲ့ လူပါ စိတ်ဓာတ်ကျသွားတယ်။ ပြီးတော့ ‌မနေ့ကပဲ ကိုယ့်uniက ကျောင်းဖွင့်လိုက်ပြီ။ ပုံတက်လာတယ်။ ကိုယ်လည်း ကျောင်းတက်ချင်တာပေါ့။ ကိုယ်တွေကမှ အခုမှ စတက်ရမဲ့သူ first yearနုနုထွတ်ထွတ်လေးတွေမှ မဟုတ်ပဲ။ ကျောင်းတက်ဖူးကြတယ်၊ ကျောင်း‌မှာ ပျော်ခဲ့ရသူတွေကြီးပဲ၊ ကျောင်းတက်ရတဲ့ အရသာကို သိကြသူတွေကြီးပဲ။ ဒါပေမဲ့ အိမ်ကပြောတာတောင် မရမက ငြင်းပြီး CDMလုပ်နေခဲ့တာ။ ပုံ‌တက်လာတော့ ပြောစရာကို မရှိတော့တာပဲ။ တက်တဲ့သူတွေကိုလည်း တစ်ခုပဲ မှာချင်တာပါ။ နင်တို့ရဲ့ ခြေဖဝါးအောက်က လမ်းဆိုတာ သွေးသံတရဲရဲနဲ့ ခင်းထားတဲ့လမ်းဆိုတာပဲ။ အဲ့တာလေးပဲ ရင်ထဲ မှတ်ထားပေးကြပါ။ စိတ်ဓာတ်ကျတာကိုလည်း ကိုယ့်ဘာသာ ပြန်မြှင့်တင်နေပါတယ်။ ငါဒီလိုဖြစ်နေလို့ မရဘူးဆိုပြီးလေ။ အသစ်တွေ မရေးနိုင်သေးလို့ ရေးပြီးသားကိုပဲ တင်လိုက်တာပါ။ လူလ်စန်တို့၊ ယွန်းဂျယ်တို့နဲ့ ရှီဟျွန်း(Monochrome Rumor)တို့ကိုလည်း အမြန်ဆုံး ပြန်တင်ပေးနိုင်အောင် ကြိုးစားပါ့မယ်။ ကျေးဇူးပါပဲ။

________________________________

“အင်း? အင်း ငါပြောခဲ့တယ်လေ”

“ မင်းငါနဲ့အတူ ဒီမှာ နေချင်လား?”

“ဒီမှာ?”

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Zawgyi)Onde histórias criam vida. Descubra agora