Chapter 1

12.6K 503 24
                                    

Unicode

အခန်း{၁}

ကျားအရေခွံရှာခြင်း

အင်ပါယာမြို့တော်၊ ချီရှန်နန်းဆောင်။

ဆည်းဆာအချိန်သည် တဖြည်းဖြည်းတိမ်မြုပ်‌ ပျောက်ကွယ်လာပြီး ပြတင်းပေါက်အပြင်ဘက်ရှိ အေးမြသောလေနုအေးများက ညှိုးနွမ်းနေသောမြက်ပင်များနှင့် ပေါင်းပင်များကို တိုက်ခတ်လာသဖြင့် သစ်ပင်အကိုင်းအခက်များပေါ်တွင် စုပြုံကျနေသော နှင်းပွင့်များသည် တိတ်တဆိတ်ဖြင့်ကောင်းကင်တစ်ခွင်လုံး တဖွဲဖွဲရစ်သိုင်းလျက် နှင်းမြူများအဖြစ်သို့ စီးဆင်းပျော်ကျသွားလေ၏။

ယိုရှစ်ရဲ့တစ်ဝက်လောက်ရောက်နေပြီပင်။* 1ထိုအချိန်တွင် မိန်းမစိုးများသည် ချမ်းအေးသော်လည်း ဟင်းလျာများကို မထိခိုက်မိအောင် ပြင်ဆင်ပြီးထွက်လာကြ၏။

ကျူ့ယွင်ရွှမ်း သည်သစ်သားစားပွဲရှေ့တွင် ရပ်နေပြီး ၎င်းပေါ်တွင် အချိန်အတော်ကြာအောင် ချထားသော တာ့ယန်မြေပုံကို စိုက်ကြည့်နေသည်။

စားပွဲဘေးတွင် အဝါရောင်ဖျော့ဖျော့ ဖယောင်းတိုင်တစ်တိုင်ကို ထွန်းညှိထားပြီး ဖယောင်းတိုင်မီးတောက်သည် သူ့မျက်ဝန်းနက်နက်အတွင်းတွင် အဆက်မပြတ် တောက်‌လောင်‌နေပြီး ရောင်ပြန်ဟပ်နေ‌လေသည်။

ခြေသံများ ရုတ်ခြည်း ပဲ့တင်ထပ်နေပြီး မှိန်ဖျော့ဖျော့အလင်းရောင်နှင့် နန်းဆောင်အတွင်းမှ သတိပေးခြင်းမရှိဘဲ ဝင်လာသူအား ကျူ့ယွင်ရွှမ်း သည်ထိုသူကို စိုက်ကြည့်နေပြီး မှိုင်းညို့‌‌နေသည့်အကြည့်ဆီသို့ ဦးတည်သွားလေသည်။ သူ့မျက်ခုံးတွေကြားက ပြတ်သားသည့်အရိပ်ယောင်တွေနှင့် တွန့်ချိုးနေပြီး...

"ကျောင်းဝမ် ဝင်လာခဲ့‌လေ၊ ဘာလို့လူကိုအရင်ခေါ်ပြီးအသံမပေးတာလဲ။"

လျန်ကျန်း သည်ဘာမှပြန်မပြောဘဲ အသာအယာရယ်လိုက်ပြီး နန်းဆောင်ထဲ၌ ကျန်ရှိနေသေးသည့် နန်းတွင်းအစေခံတွေအား ဆုတ်ခွာဖို့ လက်ကို ဝှေ့ယမ်းလိုက်၏။ ကျု့ယွင်ရွှမ်း ၏အမူအရာမှာ အေးစက်သွားသော်ငြား သူသည်ကန့်ကွက်ခြင်းမရှိပေ။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now