Chapter 37

1.2K 163 21
                                    

Unicode

အခန်း {၃၇}

နောက်ပြန်မလှည့်လို


အာရုဏ်ဦးအလင်းရောင် မှိန်ပျပျအချိန်၌ မြို့တော်အရှေ့တံခါးရဲ့ မနီးမဝေး‌နေရာတွင် အာရုံမထားမိနိုင်တဲ့ မီးခိုးရောင်ပိတ်သားနဲ့မြင်းလှည်းတစ်စီး ရပ်ထားလေပြီး နာရီဝက်နီးပါးလောက်ရှိနေပြီပင်။

မြင်းလှည်းထဲ၌ ကျူ့ယွင်ရွှမ်းသည် လှည်းနံရံကိုမှီရင်း မျက်လုံးမှိတ်အနားယူနေပြီး မျက်မှောင်တို့ကြုတ်ထားကာ နည်းနည်းမှ ပြေလျော့သွားခြင်းအလျဥ်းမရှိ။

လှည်းအပြင်ဘက်ရှိ ကောင်းအန်းမှာ အသံတိုးတိုးဖြင့်ပြောလာသည်။

"အရှင်မင်းကြီး လူလာပါပြီဗျ။"

"ကိုယ်တော့်ကို လှည်းပေါ်ကဆင်းဖို့ ကူပါဦး။"

လှည်းပြင်ဘက်၌ ကျမ်းဟွိုင်သည် တစ်မိသားစုလုံးခေါ်ကာ မြေပြင်ထက်ဒူးထောက်ခိုင်းထားပြီး နောက်ဆုံးတစ်ကြိမ် ကျူ့ယွင်ရွှမ်းအား ဒူးထောက်ဂါရဝပြုလေ၏။ ယနေ့ သူတို့ဟာ ပြည်နှင်ဒဏ်ပေးရာနေရာသို့ ပို့ဆောင်ခံရမည်ဖြစ်ပေသည်။

ကျူ့ယွင်ရွှမ်းသည် ကောင်းအန်းအကူအညီဖြင့် လှည်းပေါ်မှဆင်းလာကာ ရှေ့တစ်လှမ်းတိုးလာပြီး လက်နှစ်ဖက်ဆန့်တန်းလျက် ကျမ်းဟွိုင်အားထူ၏။

"ထပါ ဆရာကြီးရယ်။"

ကျမ်းဟွိုင်မှာ မျက်ရည်တို့စီးကျလာတော့သည်။

"ကျွန်တော်မျိုး အရှင်မင်းကြီးကို မျက်နှာပြရမှာတောင် ရှက်မိပါတယ်။ မျက်နှာပြရမှာ ရှက်မိကြောင်းပါ အရှင်မင်းကြီးရယ်......"

ဟိုတစ်စသည်တစ်စသာဖြူနေခဲ့သည့် ဆံပင်တွေဟာ ယခုများကျ တစ်ခေါင်းလုံးဖြူနေခဲ့ပြီကို မြင်လိုက်ရတော့ ကျူ့ယွင်ရွှမ်း သက်ပြင်းချ၏။

"ဆရာ့ကို ကိုယ်တော် တောင်းပန်ပါတယ်။ အဲ့သည့်နေ့ကသာ.....ကိုယ်တော် ဆရာ့ကိုလာမနှောင့်ယှက်ခဲ့ဘူးဆ်ိုရင် အခုလောက်ဆို ဆရာက အဲ့သည့်ကျေးလက်က သက်ကယ်တဲလေးမှာ အေးချမ်းပျော်ရွှင်နေပြီး လက်ကျန်အချိန်တွေကိုကုန်ဆုံးနေဦးမှာ။ ကိုယ်တော် မောင်မင်းအပေါ် မတရားခဲ့တာ....."

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now