Chapter 7

2.4K 240 11
                                    

Unicode

အခန်း{၇}

အင်အားကြီးသူများ၏ကျောထောက်နောက်ခံ
ဖြင့်အနိုင်ကျင့်သည့်လူ


ကန်းလင်နန်းတော်။

နေ့လယ်စာစားပြီးနောက် ကျူ့ယွင်ရွှမ်းသည် သလွန်တော်ပေါ်သို့ မှီ၍ ပြန်လည်သက်သာလာစေရန် မျက်လုံးမှိတ်ထားလိုက်၏။ မှေးနေရာမှ အိပ်ပျော်လုတော့မည့်နောက် မိန်းမစိုးလေးများ၏ အော်ဟစ်သံများအပြင် ကောင်းအန်း၏အသံအားနှိမ့်၍ ဆူပူနေသံသည် နန်းတော်အပြင်ဘက်မှ ထွက်ပေါ်လာသည်။

"တာ့ရှင်ဘုရင်မင်းမြတ်*ရဲ့ ဝမ်းနည်းခြင်းကာလက မပြီးသေးဘူး...အရှင်မင်းကြီးက ဝမ်းနည်းခြင်းအဝတ်အစားတွေကြောင့် နေ့တိုင်း စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေခဲ့တာ၊ မင်းတို့ရဲ့ ဒီလိုအသေးအဖွဲ့ကိစ္စတွေက အနှောင့်အယှက်ဖြစ်စေတယ်၊ အရှင်မင်းကြီးကို နှောင့်ယှက်နေတာက မင်းတို့ရဲ့အသက်ကို ဆက်ပြီးမရှင်ချင်‌တော့ဘူးနဲ့တူတယ်၊ မြန်မြန်ပြန်မဆုတ်ဘူးလား!"

《*တာ့ရှင်ဘုရင်မင်းမြတ်* နတ်ရွာစံဘုရင်အား ခေါ်ဆိုသည့် ဘွဲ့တော်》

ကျူ့ယွင်ရွှမ်း သည်မျက်‌မှောင်ကျုံ့ပြီး မျက်လုံးဖွင့်လာကာ မေး၏။

"ဘာကိစ္စရှိလို့လဲ?၊ အားလုံး အထဲဝင်လာခဲ့ကြ။"

ခဏအကြာ ကောင်းအန်းသည် မိန်းမစိုးခုနစ်ယောက် ရှစ်ယောက်ကိုခေါ်လာကာ မျက်လုံးများနီရဲပြီး အပြစ်ရှိကြောင်းဝန်ခံရန် ဒူးထောက်လျက်...

"အရှင်မင်းကြီး ခွင့်လွှတ်တော်မူပါ၊ ဒီအသုံးမကျတဲ့အစေခံက စည်းကမ်းတွေကိုနားမလည်ဘဲ အနှောင့်အယှက်‌ဖြစ်စေတဲ့အတွက်၊ အစေခံတွေအဲ့ဒီသူတို့ကို ခေါ်အပြစ်ပေးပြီးလွှတ်လိုက်ပါ့မယ် ဘုရား!"

ကျူ့ယွင်ရွှမ်း သည်ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော လူများကို တစ်ချက်ကြည့်လိုက်၏၊ အားလုံးသည် သူ၏ချီရှန်နန်းဆောင်မှ သူ့နောက်သို့ လိုက်လာသော အဆင့်နိမ့် မိန်းမစိုးများဖြစ်ကြသည်။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now