Chapter 22

1.6K 198 15
                                    

Unicode

အခန်း {၂၂}

ဘုရင်မင်းမြတ်၏မင်္ဂလာကိစ္စ


ကျင်ရွေ့ ဒုတိယမြောက်နှစ် ကန်းဇီပထမဆုံးလ၊ ရွှမ်းသယ် နန်းဆောင်။

ညီလာခံသိမ်းပြီးချိန် ကျမ်းဟွိုင်သည် ရုတ်တရက်ရှေ့ထွက်လာပြီး မိဖုရားခေါင်တင်မြောက်မည့်အကြောင်း လျှောက်တင်လာသည့်အသံအား သူ့နားထဲပဲ့တင်ထပ်အောင်ကြားလိုက်ရသည်။

"အရှင်မင်းကြီး ထီးနန်းတက်တာ တစ်နှစ်ရှိပါပြီ။ အခုချိန်မှာ လောကတစ်ခွင်ငြိမ်းချမ်းလို့ နန်းတည်မြို့‌တော်လည်း သာယာဝပြောနေခဲ့ပါပြီ။ အခြေခံအုတ်မြစ်ခိုင်ပြီး တိုင်းပြည်အေးချမ်းစေဖို့ရာအတွက် အလယ်နန်းဆောင်မိဖုရား အမြန်ဆုံးတင်‌မြှောက်ဖို့ အချိန်တန်ပါပြီဘုရား!"

ညီလာခံရှိ ဝန်ကြီးများတစ်ယောက်ပြီး တစ်ယောက်ထောက်ခံလာကြသည်။ ယန်ရှစ်ရွှယ်၏ မျက်နှာသည် နီမြန်းနေပြီး စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားလေသည်။ စကားအများကြီးမပြောသော်ငြား ကျမ်းဟွိုင်၏အနောက်တွင် မြဲမြံစွာရပ်နေလျက်။

လျန်ကျန်း၏ မျက်ဝန်းများသည် မည်းမှောင်နေပြီး တည်ငြိမ်စွာဖြင့် နှုတ်ခမ်းထောင့်ကို မနည်းဆွဲဆန့်ထားရသည်။

ပလ္လင်ထက်ရှိ ကျူ့ယွင်ရွှမ်းသည် စိတ်ခံစားချက်မရှ်ိစွာ အောက်ခြေရှိလူများကို စိုက်ကြည့်နေပြီး တခဏအကြာ သာမန်မျှပြောလာသည်။

"လက်ထပ်တင်မြှောက်ရမဲ့ အစီစဉ်တွေအားလုံးကို ထုံးတမ်းစဉ်လာဝန်ကြီးကပဲ တာဝန်ယူစီစဉ်လိုက်ပါ။ စည်းမျဉ်းဟောင်းတွေကိုလိုက်နာပြီး နည်းစနစ်တွေကိုတော့ မကျော်လွန်နဲ့။"

ယန်ရှစ်ရွှယ်သည် ကျယ်လောင်စွာ ပြန်လည်ဖြေကြားလေ၏။

"ဒီဝန်ကြီး အမိန့်နာခံကြောင်းပါ!"

ညီလာခံသိမ်းပြီးနောက် ကျူ့ယွင်ရွှမ်းသည် အိပ်ဆောင်သို့ပြန်ရောက်သည်နှင့် လျန်ကျန်းသည်လည်း နောက်မှလိုက်လာလေ၏။ သူတံခါးမှဝင်လာချိန် ကျူ့ယွင်ရွှမ်းအား ကောင်းအန်းသည် ပုံမှန်အဝတ်အစားလဲပေးနေသည်။ လျန်ကျန်း ဝင်လာသည်အား မြင်ကာ မျက်နှာအမူအယာမပြောင်းကာ မျက်ခုံးတောင်မလှုပ်ချေ။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now