Chapter 59

1.2K 159 18
                                    

Unicode

အခန်း {၅၉}

ယန့်အာ ပြန်ပေးဆွဲခံလိုက်ရပြီ


ကျူ့ယွင်ရွှမ်းဖျားနေပြီဖြစ်သည်။ အရက်နာကျပြီးနောက် အဖျားကြီးသွားကာ အိပ်ရာထဲလဲနေလေပြီ။

ကျူ့ယွင်ကျင်သည် ယန့်အာကိုခေါ်လာကာ သူ့အားလာကြည့်၏။ သူ၏နုံးချိဖျားနာနေတဲ့ပုံကိုကြည့်ကာ နောင်တရလေသည်။ သူကသောက်ရုံလေးတင်ဆိုပေမဲ့ အရက်နာကျပြီးဖျားသွားစေလိမ့်မယ်လို့တော့ မထင်ထားမိခဲ့။

ကျူ့ယွင်ရွှမ်းသည် သလွန်ထက်လှဲလျောင်းရင်း အားမရှိစွာခေါင်းခါလိုက်သည်။

"သေရည်သောက်တာက ဘာမှမဖြစ်ပါဘူးဗျာ။ ညသန်း‌ခေါင်‌လောက်မှာ ကျွန်တော်က ပြတင်းပေါက်တံခါး ဖွင့်ခိုင်းထားလိုက်လို့ အအေးမိသွားတာ။"

ကောင်းအန်းမှာ ပို့လို့ပင်ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေသည်။ အရှင်မင်းကြီးကို ကောင်းကောင်းဂရုမစိုက်နိုင်လိုက်တာကြောင့် ကိုယ်ကိုယ်ကိုယ်မကျေမချမ်းဖြစ်ကာ ကျူ့ယွင်ကျင်အား မိမိအားအပြစ်ပေးပါရန် တောင်းဆိုလေသည်။

ကျူ့ယွင်ကျင်မှာ စကားပြောရန်တုံ့ဆိုင်းနေသည့် ကျူ့ယွင်ရွှမ်းအားကြည့်ရင်း မျှော်လင့်ထားသလိုဖြစ်မလာမှာကို ကြောင့်ကြနေမိ၏။

ခေါင်းဖြတ်ခံခဲ့ရတဲ့ လူတစ်ယောက်အတွက်နဲ့ တန်လို့လား?

ကျူ့ယွင်ရွှမ်းသည် သလွန်ဘေးလေးမှာ လှဲနေတဲ့ သူ့ယန့်အာကို မဝံ့မရဲကြည့်ပြီးလက်မြှောက်ကာ မျက်နှာလေးကိုပွတ်သပ်လိုက်ပြီး ကျူ့ယွင်ကျင်ကိုသတိပေးလိုက်သည်။

"အစ်ကိုတော် မင်းကလေးကို ပြန်ခေါ်သွားစမ်းပါဗျာ။ ကလေးကိုအဖျားမကူးမိစေနဲ့။"

"သူကိုယ်တိုင် မင်းကိုလာကြည့်မယ်လို့ပြောတာဟေ့။ မင်းသူနဲ့ စကားနည်းနည်းပါးပါးပြောလိုက်။ ခဏနေငါပြန်ခေါ်သွားလိုက်မယ်။"

ကျူ့ယွင်ကျင်သည် အသင့်လိုက်ပါလာသည့် သမားတော်ဖန်းအား ကျူ့ယွင်ရွှမ်း အခြေအနေကိုမေးမြန်းရန် အပြင်ထွက်သွား၏။ ယန့်အာသည် ရှေ့လေးနည်းနည်းတိုးလာပြီး ကျူ့ယွင်ရွှမ်းနားကပ်ကာ အသံသေးသေးလေးဖြင့်မေးလာသည်။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now