Chapter 50

1.4K 169 25
                                    

Unicode

အခန်း {၅၀}

ကံကြမ္မာရယ် ဘယ်ပုံဘယ်ဝယ်


တုန်းကျစ်ပွဲတော်အပြီး နှစ်ရက်မြောက်နေ့တွင် ကျူ့ယွင်ရွှမ်းသည် ယွမ်ကျိဘုရားကျောင်းသို့ တစ်ခေါက်သွားရောက်ခဲ့၏။ သူနန်းတက်ပြီးနောက်မှာ နှစ်တိုင်း ထိုနေ့တွင် နတ်ရွာစံမယ်တော်အတွက် ရည်စူးပြီးကောင်းမှုကုသိုလ်ပြုရန် ဤဘုရားကျောင်းသို့လာသည်က အလေ့အကျင့်တစ်ခုလိုဖြစ်ခဲ့သည်။

အဲ့သည့်နှစ်တွေတုန်းကတော့ လျန်ကျန်းက အဖော်အဖြစ် အတူလိုက်ပေးခဲ့သော်ငြား ယခုမူ သူတစ်ယောက်တည်းသာ။

‌ကျောင်းထိုင်ဆရာတော်ကြီး၏ ဘုရားစာရွတ်ဆိုသံသည် ဗိမာန်တော်ထဲ၌ အတော်ကြာအောင် ပဲ့တင်ထပ်နေသည်။ ကျူ့ယွင်ရွှမ်းသည် လက်ကောက်ဝတ်ရှိ စိပ်ပုတီးကို ညင်ညင်သာသာစိပ်ကာ ဗုဒ္ဓမြတ်စွာဘုရား ရှေ့တော်၌ ရိုသေ‌လေးမြတ်စွာ ရှ်ိခိုးကန်တော့၏။

သူရိန်နေမင်းသည် အနောက်အရပ်သို့ ယွန်းချိန်၌ သူသည် မတ်တပ်ထရပ်ကာ ဆရာတော်ကြီးနှင့် အပြန်အလှန် ဗုဒ္ဓတရားတော်များကို ရွတ်ဖတ်သရယ်ဆယ်၏။ သူ၏ မျက်ခုံးတန်းတို့ဟာ အမြဲတစေတွန့်ချိုးနေပြီး စိတ်ညှ်ိုးငယ်နေသည်ကိုမြင်လျှင် ဆရာတော်ကြီးက နှစ်သိမ့်စကားဆို၏။

"အရှင်မင်းကြီးရဲ့ သီလကုသိုလ်တွေကြောင့် ကံတော်ကုန်မိဖုရားခေါင်ကြီးကို ကောင်းကင်ဘုံက ကောင်းချီးပေးတော်မှုမှာမလို့ သိပ်ကြီး‌သောကမဝေပါနဲ့။"

ကျူ့ယွင်ရွှမ်း သက်ပြင်းချလျက်ပြောလာသည်။

"တကယ်တမ်းတော့ မယ်တော့်အတွက်တင်မဟုတ်ပါဘူး။ ကိုယ်တော် သည်နေ့ သည်ကိုလာရခြင်းက ကလေးလေးအတွက် ပျော်ရွှင်ကျန်းမာပြီး ဘေးကင်းလုံခြုံစေဖို့ရာ ထာဝရဆီမီးလေးတစ်ခွက်ကို ထွန်းညှိချင်လို့ပါဘုရား။"

သူ အရင်ကတည်းက ရေးထားသည့် မွေး‌နေ့ပုရပိုက်ကို လွှဲပြောင်း‌ပေးလိုက်ကာ ဖတ်ပြီးသည်နှင့် ဆရာတော်ကြီးက ပြောလိုက်သည်။

"သည်ကလေးပါလား။ လွန်ခဲ့တဲ့သုံးနှစ်ကလည်း သူ့အတွက်ဆိုပြီး လူတစ်ယောက် ဆီမီးလာထွန်းတယ်ကွဲ့။"

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now