Chapter 28

1.4K 181 24
                                    

Unicode

အခန်း {၂၇}

ဘယ်တုန်းကမှမရှိခဲ့ဖူး



တော်ဝင်သမားတော်ဖန်းသည် ညသန်းခေါင်လောက်ကြီး ကန်းလင်နန်းတော်သို့ တစ်ခေါက်အခေါ်တော်လွှတ်ခံရပြန်၏။ ဘုရင်မင်းမြတ်သည် ပျော့ခွေစွာသလွန်ထက်မလှုပ်မယှက် လှဲလျောင်းနေပြီး တစ်ကိုယ်လုံးချွေးများရွှဲနစ်နေလျက် ခန္ဓာထက် ချစ်ခြင်းအမှတ်အသားများ ပြည့်နှက်နေသည်ကို မြင်ကာ ထပ်မကြည့်ဝံ့သည့်အတွက် ဒူးထောက်ချလိုက်တော့သည်။

လျန်ကျန်းသည် ဘေးတစောင်းလှဲနေပြီး နက်နဲသည့်လေသံဖြင့် ပြောလာသည်။

"အရှင်မင်းကြီးက အဲ့‌သ‌န္ဓေတည်ဆေးကိုအရင်သောက်ပြီးသွားပြီ။ အကျိုးသက်ရောက်မှုရှိမရှိ ခင်ဗျားကြည့်ပေးစမ်း။"

သမားတော်အိုကြီး၏ ခန္ဓာကိုယ်သည်တစ်ချက်တုန်သွားပြီး အန္တရာယ်ကြားမှ အံ့ဩသံထွက်မလာခဲ့ချေ။ ကျူ့ယွင်ရွှမ်း၏ မျက်လုံးအစုံကို ရှည်လျားသည့်ဆံနွယ်တို့က ဖုံးကွယ်ထားပြီး လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားကာ လက်ချောင်းထိပ်တို့မှာ သွေးတို့ထွက်လာသည်။

"ဘယ်....ဘယ်အချိန်က သောက်ခဲ့တာပါလဲ ခင်ဗျာ။"

"လွန်ခဲ့တဲ့တစ်နာရီလောက်က"

တော်ဝင်သမားတော်ဖန်းသည် အသက်ရှုမထုတ်ဝံ့ရဲ သတိကြီးစွာဖြင့် ပြန်ဖြေကြားလေသည်။

"အာနိသင်က အရမ်းအမြန်ကြီး မပြပါဘူးခင်ဗျ။ ဒါပေမဲ့ အရှင်မင်းကြီးက ငယ်ရွယ်သူဖြစ်လို့ တစ်ကြိမ်တည်းနဲ့ ရအောင်လုပ်သင့်ကြောင်းပါ။ တကယ်....တကယ် မင်းသားလေးလိုချင်ရင် ဒီငယ်သားက သောက်ဖို့ ဆေးညွှန်းဖော်စပ်ပေးပါ့မယ်။ ခန္ဓာကိုယ်အာဟာရဖြစ်ဖို့ နေ့တိုင်းအချိန်မှန်မှန်လေးသောက်ပေးရင် အရှင်မင်းကြီးကျန်းမာ‌ရေးနဲ့ သန္ဓေသားလေးအတွက်ပါ အကျိုးအာနိသင်ကောင်းတွေရမှာပါခင်ဗျ။"

"ခင်ဗျားသွားဖော်ချေတော့။"

လျန်ကျန်း ပြောရင်း ကျူ့ယွင်ရွှမ်းအား တစ်ချက်ကြည့်လိုက်သည်။ ပြေလျော့နေသည့်သူ့ဆံနွယ်ရှည်တို့အား လက်ချောင်းဖြင့်ရစ်ခွေနေ၏။ ဒူးထောက်နေသည့်လူအား အေးစက်သည့်အသံဖြင့် သတိပေးစကားဆိုလိုက်သည်။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now