Unicode
အခန်း {၅၇}
မတွေ့တာကြာပြီ
မနက်ပိုင်းတွင် မြင်းလှည်းဟာ စစ်ဦးစီးချုပ်အိမ်တော်ကနေ ထွက်ခွာလာပြီး မြို့တော်မြောက်ပိုင်းရှိ ပင်လယ်စျေးသို့သွားမှာဖြစ်သည်။ ယနေ့တွင် ကြားသားမိုးကြိုး ကျူ့ယွင်ရွှမ်း အားလပ်နေသည်ဖြစ်ရာ ကျူ့ယွင်ကျင်နှင့်အတူ ကလေးတစ်သိုက်ကိုခေါ်ကာ အပြင်ထွက်လည်မှာပင်။
ဤရက်တွေမှာ ကျူ့ယွင်ရွှမ်းဟာ တစ်နေ့ခင်းလုံး တိုင်းပြည်အရေးတွေကိုင်တွယ်ပြီး ညပိုင်းမှာ ယန့်အာကို အဖော်ပြုပေးတာကြောင့် သားအဖနှစ်ယောက်ဆက်ဆံရေးဟာ ပိုပိုပြီးသဟဇာတဖြစ်လာကြသည်။
ယန့်အာ ဒီကလေးလေးက အနည်းငယ်ခေါင်းမာလေသည်။ လူတွေရှေ့မှာဆို သူ့ကိုဘထွေးတော်လို့ခေါ်ပြီး သူတို့နှစ်ယောက်တည်းရှိချိန်ဆို ကျူ့ယွင်ရွှမ်းကို ချွဲချွဲနွဲ့နွဲ့လေးဖက်ရင်း ဖေဖေလို့ခေါ်ကာ အမူအယာနွဲ့ဟန်လေးချီသည်။
အနှီပေါက်စလေးဟာ ကျူ့ယွင်ကျင်နှင့် ဟယ့်ဟွိုင်လင်ကို စိတ်ပူနေမှန်း ကျူ့ယွင်ရွှမ်းသိနေတာမလို့ ဤသည်ကပဲ ပိုပြီးသူ့ကိုနာကျင်စေတယ်။ ကလေးငယ်ငယ်လေးက အဲ့သလောက်ထိ လူတွေကို စာနာငဲ့ညှာတတ်ရတာလဲ။ သူအဘယ်ကုသိုလ်ကံတွေကြောင့် ဒီလိုအသည်းရတနာလေးကို မွေးဖွားနိုင်ရသလဲလေ။
ယနေ့ ကျူ့ယွင်ရွှမ်း လုပ်စရာအလုပ်မရှိတာကြောင့် ကလေးတွေခေါ်ကာ အပြင်ထွက်လည်ရန် ကျူ့ယွင်ကျင်အား စကားစ၏။ ကျူ့ယွင်ကျင် သဘောမတူစရာမရှိ။ မနက်မိုးစင်စင်လင်းကတည်းက လက်အောက်ငယ်သားတွေကို အသင့်လုပ်ခိုင်းထားပြီးသားပင်။
ဟယ့်ဟွိုင်လင်သည် နေ့တိုင်းစစ်တပ်ထဲသို့သွားရပြီး ကျူ့ယွင်ကျင်ဟာလည်း အိမ်မမြဲပေ။ ကလေးတွေမှာလည်း နေ့တိုင်းလိုလို အိမ်တော်ထဲမှာသာအချိန်ကုန်ပြီး အပြင်ထွက်လည်ခွင့်မရကြရှာချေ။ အထူးသဖြင့် ကလေးနှစ်ကောင်။ ထိုညတွင် မီးပုံးပွဲတော်ပျော်ပွဲရွှင်ပွဲ၌ ပထမဆုံးဆင်နွှဲခြင်းဖြစ်၏။ မြို့တော်မြောက်ပိုင်း၏ပင်လယ်ဈေးကို တစ်ခါမှမရောက်ဖူးကြ။ အိမ်တော်မှမြင်းလှည်းဖြင့် ထွက်လာကတည်းက စိတ်လှုပ်ရှားနေမှုတွေကထိန်းမရ။
YOU ARE READING
မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍
Romance"အရှင်မင်းကြီး လက်ညှိုးညွှန်ရာ ရွှေဖြစ်စေရမယ်လို့ ကိုယ်ကတိပေးတယ်။ အပေးအယူက မင်း ကိုယ့်ကိုယ်ကိုယ် ပေးအပ်ရမယ်။" ~~~ Myanmar translation of 江山许你 by 白芥子 Total Chapters - 90 Chapters + 12 Extras // I have permission from English translator //