Chapter 56

1.4K 190 15
                                    

Unicode

အခန်း {၅၆}

ယုန်ဖေဖေ


တစ်ဖက်လူ၏အသံကိုကြားလိုက်ရသည်နှင့် ကျူ့ယွင်ရွှမ်း တစ်ကိုယ်လုံးသွေးတွေ ခဲသွားသယောင်။ ယန့်အာရဲ့ခါးလေးပေါ်ရှိလက်က တဖြည်းဖြည်းတင်းကြပ်သွား၏။ ယန့်အာက သတိမပြုမိကာ လိုလည်းလိုချင်မဝံ့မရဲလေးနှင့် အနှီယုန်မီးပုံးလေးထံ လက်လေးလှမ်းနေပြီး မယူလည်းမယူရဲရှာ။ ကျူ့ယွင်ရွှမ်းက အသံတိုးတိုးဖြင့်ပြောလိုက်သည်။

"ယန့်အာ လိုချင်ရင်ယူလိုက်လေ။"

ပေါက်စနလေးဟာ ပျော်ရွှင်မြူးထူးစွာ မီးပုံးလေးကိုယူလိုက်ပြီး တစ်ဖက်လူကို နှစ်လိုဖွယ်ကောင်းစွာကျေးဇူးတင်စကားဆိုသည်။

"ကျေးဇူးတင်ပါတယ်ဦးဦး"

လျန်ကျန်း၏အကြည့်လားရာမှာ ကျူ့ယွင်ရွှမ်းလက်ကောက်ဝတ်ထံ၌ရှိနေပြီး မျက်ဝန်းအိမ်ထဲရှိအပြုံးတို့မှာ ပို၍အသက်ဝင်လာ၏။ ကျူ့ယွင်ရွှမ်းအသိပြန်ဝင်ပြီး ကလေးကိုဘက်ပြောင်းချီလိုက်ကာ အင်္ကျီလက်ကိုမသိမသာဆွဲချလိုက်သည်။ ခေါင်းညိတ်ပြလိုက်ပြီး ဘာအမူအရာမှမဖော်ပြဘဲ ခပ်‌ပေါ့ပေါ့ပြောလိုက်သည်။

"ကျေးဇူးပါ။"

နှုတ်ဆက်ခြင်းမရှိဘဲဖြတ်သွားချိန် လျန်ကျန်းသည် လက်ကိုအသာဆန့်ကာ ဟန့်တားလိုက်သည်။ ကျူ့ယွင်ရွှမ်း မှင်သေသေစိုက်ကြည့်ရင်း အနောက်ဘက်ရှိ တော်ဝင်သက်တော်စောင့်များမှာ ချက်ချင်းဆိုသလို ရှေ့တစ်လှမ်းတိုးလာပြီး ဓားရှည်များကို တစ်ဝက်လောက်ဆွဲထုတ်ကာ သတိအနေအထားဖြင့် လျန်ကျန်းအား သားကောင်ကိုချောင်းမြောင်းနေသည့်ကျားသဖွယ်။

လျန်ကျန်း "ကျစ်"ခနဲစုတ်သပ်လိုက်ပြီး မှော်ဆန်သည့်မျက်ဝန်းတွေက ကျူ့ယွင်ရွှမ်းကို စေ့စေ့ကြည့်လျက်။ တစ်ဝက်လောက်ချထားတဲ့မျက်တောင်တွေကိုသာမြင်ရပြီး စိတ်ခံစားချက်အလုံးစုံကို မမြင်ကွယ်ရာမှာမြှုပ်နှံထားသည်ကြောင့် အရှင်းအလင်းမမြင်နိုင်ပေ။

ခဏတာရှေ့မတိုးနောက်မဆုတ်သာအ‌ခြေအနေပြီးနောက် လျန်ကျန်းက ဖယ်ပေးလိုက်သည်။ ကျူ့ယွင်ရွှမ်းသည် ကလေးကိုချီလျက် နောက်ကိုလုံးဝပြန်လှည့်မကြည့်စတမ်း ရှေ့ကိုတန်းတန်းမတ်မတ်လျှောက်သွားလေသည်။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now