Chapter 53

1.4K 156 20
                                    

Unicode

အခန်း {၅၃}

သားဖနှစ်ယောက်တွေ့ဆုံခန်း

တောင်ပိုင်းတိုင်းခန်းလှည့်သည့်အဖွဲ့ ကျန်းနန်သို့ရောက်သည့် ပဉ္စမမြောက်နေ့၌ မင်းကျိုးမှ ပင်လယ်ဓားပြများ ထပ်မံကျူးကျော်တိုက်ခိုက်လာသည်ဆိုသော အရေးပေါ်စစ်ကြောင်းတစ်ခုရောက်ရှိလာသည်။ မင်ကျိုးအနောက်ပိုင်း ပင်လယ်အနီးရှိကျေးရွာများကို စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထို‌နေ့က ဟယ့်ဟွိုင်လင် ဦးဆောင်ထွက်ခွာခဲ့ပြီး မင်ကျိုးသို့ပြန်လာခဲ့သည်။

ကျူ့ယွင်ရွှမ်း မျက်မှောင်တွေစုကျုံ့သွားပြီး မြင်းခုံထက်ရှိ ပင်လယ်မြေပုံကိုစိုက်ကြည့်ရင်း နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့ထားလေသည်။ ကျူ့ယွင်ကျင်သည် ပင်လယ်မြေပုံထက် တစ်နေရာကိုညွှန်ပြကာ အသာပုတ်လျက်ပြောလာသည်။

"ဒီနယ်မြေက ပင်လယ်ဓားပြတွေကျက်စားနေတဲ့ ပင်လယ်ဧရိယာပဲ။ အနားသွားမိပြီး သတိမထားမိလိုက်တာနဲ့ ဝါးမြိုခံရပြီး ပြန်လမ်းမဲ့သွားလိမ့်မယ်။ ဒီပင်လယ်ဓား‌ပြတွေနေတဲ့ကျွန်းကို တကယ်တမ်း ဘယ်သူမှမမြင်ဖူးကြဘူး။ ဒီပင်လယ်ဧရ်ိယာက နန်ယန်ကိုပေါက်တဲ့ တစ်ခုတည်းသောလမ်းပဲ။ နှစ်ပေါင်းနှစ်ရာ‌ကျော်အတွင်းမှာ ဒီဓားပြ‌တွေက ကုန်သည်သင်္ဘောတွေကို တောပုန်းလုယက်ပြီး အထူးသဖြင့်အနီးနားနယ်မြေတွေမှာ ခိုအောင်းနေကြတာ။"

ကျူ့ယွင်ရွှမ်း စိတ်လှုပ်ရှားသွားပြီး စကားထဲကအဓိကသော့ချက်က ဖမ်းစားသွားလေ၏။

"နှစ်ပေါင်းနှစ်ရာကျော်?"

"အင်း.... ဒီပင်လယ်ဓားပြအုပ်စုက ငါတို့မင်းဆက်တည်ထောင်ကတည်းကရှိခဲ့တာ။ မင်ယွဲ့ဒေသက အရပ်သားပြည်သူတွေရဲ့ ကောလဟာလအရဆို အရင်မင်းဆက်ရဲ့ အကြွင်းအကျန်တွေနဲ့သွယ်ဝိုက်ပတ်သက်နေပုံပဲ။ အဲ့နှစ်တွေတုန်းက တော်တော်များများက နိုင်ငံရပ်ခြားကို ထွက်ပြေးသွားခဲ့တာ။ အရင်မင်းဆက်ရဲ့ နောက်ဆုံးဧကရာဇ်နဲ့ ရာချီတဲ့သူ့လက်ပါးစေတွေရဲ့ မျိုးဆက်တွေပဲ။"

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now