Chapter 58

1.6K 197 18
                                    

Unicode

အခန်း {၅၈}

နှလုံးသားကို မထိန်းချုပ်နိုင်ရာ


ကျူ့ယွင်ရွှမ်း၏ စကားနာထိုးခြင်းခံလိုက်ရသဖြင့် လျန်ကျန်း ရယ်မောလိုက်သည်။

"မတွေရတဲ့သုံးနှစ်မှာ အရှင်မင်းကြီးက အရင်ကထက် မာယာကြွယ်လာပြီပဲ။"

ကျူ့ယွင်ရွှမ်း အေးစက်စွာပင်ပြောလိုက်သည်။

"မင်းကိုတော့ မယှဉ်နိုင်ပါဘူး။ အမြဲတမ်းအခုလို လွတ်လပ်ပေါ့ပါးပြီး အထိန်းအကွပ်မဲ့နေတာလေ။"

လျန်ကျန်းသည်ကား မျက်နှာအရည်ထူထူဖြင့် တစ်ဖက်လူ၏ လှောင်ပြောင်သရော်ခြင်းကိုပင် ချီးမွမ်းထောပနာပြုသဖွယ်မှတ်ယူကာ ရယ်လျက်ထောက်ခံလိုက်သည်။

"အရှင်မင်းကြီး မြှောက်ပင့်လွန်းနေပါပြီ။ ရှက်ရွံ့မိပါတယ်။"

ကျူ့ယွင်ရွှမ်း ရင်ခွင်ထဲထိုင်နေတဲ့ ကလေးလေးသည် လျန်ကျန်းကို တောက်လျှောက်စပ်စပ်စုစုလေးကြည့်နေ၏။ သူ့မျက်နှာပေါ်ရှိမျက်နှာဖုံး၏ အလုံးစုံဆွဲဆောင်ခြင်းခံလိုက်ရပြီး ချွဲချွဲနွဲ့နွဲ့အသံလေးနှင့်မေးလာသည်။

"ဦးဦးက ဘာလို့အမြဲတမ်း မျက်နှာကိုဖုံးထားတာလဲဟင်။"

လျန်ကျန်းက ပြုံးလျက်ပင် သူလေးကိုကြည့်လိုက်ပြီး...

"ပေါင်ပေ့လေးက ဦးဦးဘယ်လိုပုံစံရှိလဲဆိုတာ ကြည့်ချင်လို့လား။"

ယန့်အာက ခေါင်းလေးအလိုလိုညိတ်လာသည်။

"ကြည့်လို့ရလားဟင်။"

"ပေါင်ပေ့လေးက ကြည့်ချင်တယ်ဆို သေချာပေါက်ရသပဗျာ။"

လျန်ကျန်းသည် လက်မြှောက်ကာ မျက်နှာဖုံးကိုချွတ်လိုက်ပြီး ယန့်အာကို ခပ်ပြုံးပြုံးဖြင့် မျက်လုံးမှိတ်ပြလိုက်လေသည်။ ကလေးငယ်လေးဟာ အံ့အားသင့်စွာပင် မျက်လုံးရွဲကြီးတွေဝိုင်းစက်သွားပြီး နှုတ်မှလွှတ်ခနဲထွက်သွားသည်က...

"လေတံခွန်ယုန်လေး!"

လက်စသတ်တော့ သူ့ကိုယုန်မီးပုံးလေး လက်ဆောင်ပေးတဲ့ဦးဦးက သူ့လေတံခွန်ယုန်လေးကို ပြန်ရှာလာပေးတဲ့ဦးဦးကိုး။ ယန့်အာမှာ အလွန်ပျော်ရွှင်နေပြီး စိတ်လှုပ်ရှားစွာ ခေါင်းလေးမော်ချီလျက် ကျူ့ယွင်ရွှမ်းကို ပြောပြ၏။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now