Chapter 62

1K 174 23
                                    

Unicode

အခန်း {၆၂}

နန်ယန် လူသူကင်းမဲ့ကျွန်း


သင်္ဘောဟာ သုံးရက်ကြာခရီးနှင်ခဲ့ပြီး နောက်ဆုံး သုံးရက်မြောက်နေ့ နေဝင်ဖျိုးဖျအချိန်၌ ကမ်းကပ်ခဲ့၏။

ကျူ့ယွင်ရွှမ်းသည် ကလေးလက်ဆွဲကာ သင်္ဘောဝမ်းထဲမှထွက်လာ၏။ မျက်စိရှေ့ရှိ ကောင်းကင်တစ်ခွင်‌ ဆည်းဆာရောင်တို့ ပိတ်ကားသဖွယ်လွှမ်းခြုံနေသည့် ခမ်းနားထည်ဝါနေသောကျွန်းကြီးကို မျက်ဝန်းအစုံကိုအသာမှေးကျဉ်းကာ ငေးမောကြည့်ရင်း တစ်နေ့တာလုံး တက်လိုက်ကျလိုက်ဖြစ်နေသည့်စိတ်အစုံဟာ နောက်ဆုံးတွင် ငြိမ်သက်သွားလေတော့သည်။

လျန်ကျန်းက သူ့အနောက်ကနေ အသံတိုးတိုးဖြင့် သတိပေးလာသည်။

"အရှင်မင်းကြီး သင်္ဘောပေါ်မှာပါလာတဲ့သူတွေအကုန်လုံးက ကိုယ့်ရဲ့လူယုံတော်တွေပါ။ ဒီကလူအများစုက မင်း ဘယ်သူဘယ်ဝါဆိုတာကို မသိကြတာမလို့ စိတ်ပူစရာမလိုဘူး။"

ကျူ့ယွင်ရွှမ်း ခေါင်းအသာညိတ်လိုက်ပြီး အကြည့်များကို ပတ်ပတ်လည်ဖြန့်ကျက်လိုက်သည်။ အနှီကျွန်းဟာ သူစိတ်ထင်ထားတာထက် အင်မတန်ကြီးမား၏။ ကျွန်းပေါ်တွင် တောင်တွေနှင့်ရေကန်တွေရှိပြီး တောင်ခြေရင်းရှိရေကန်ပတ်လည်တွင် မြို့တည်ထားလေသည်။ ထိုနှစ်က ရှောင်းကျွင်းပေါ်ဟာ အနှီတပ်သားများအားခေါ်ဆောင်ပြီး ဤနေရာသို့ထွက်ပြေးလာခဲ့သည်။ အနှစ်နှစ်ဆယ်ကျော်လောက် အလေးထားစီမံကိုင်တွယ်ခဲ့ရာ ဘာမှမပိုင်ဆိုင်ခဲ့တဲ့အခြေအနေကနေ ယခုလိုဖြစ်လာခဲ့ပြီး ဤကျွန်းပေါ်မှာ ကိုယ်ပိုင်နိုင်ငံတော်ဖြစ်တည်လာပုံပင်။

"အရှင်မင်းကြီး ကြွပါ။"

လျန်ကျန်းက ခပ်ပြုံးပြုံးဖြင့် ယန့်အာကိုပွေ့ချီလိုက်ကာ ကျူ့ယွင်ရွှမ်း သင်္ဘောပေါ်မှဆင်းဖို့ငှာ လမ်းပြ၏။

ဆိပ်ခံတံတားပေါ်တွင် သူတို့အားလာကြိုသူအများကြီးရှိနေ၏။ ဦးဆောင်သူဟာ မျက်နှာအမူအရာအေးစက်ကာ ထီမထင်ဟန်နှင့် အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်း သက်လတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်ပေသည်။ လျန်ကျန်းအား နှုတ်ဆက်ဂါရဝပြုဖို့ရာ ရှေ့လှမ်းလာပြီးနောက် အကြည့်များက သူ့ဘေးရှိကျူ့ယွင်ရွှမ်းထံ ကျရောက်သွား၏။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now