Chapter 41

1.2K 159 19
                                    

Unicode

အခန်း {၄၁}

လွန်လေပြီးသောအသိစိတ်


နံနက်ငါးနာရီခွဲအချိန်ရဲ့ ကောင်းကင်အလင်းရောင်မှာ မှိန်ပျပျနှင့်သာ။

ကောင်းအန်းသည် ပင်မနန်းဆောင်ထဲသို့ အလျင်စလိုဝင်လာကာ ကျူ့ယွင်ရွှမ်းထံ လျှောက်တင်လေသည်။

"အရှင်မင်းကြီး ကျင်းဝေ့တပ်ရဲ့ဒုတပ်မှူးက အပြင်ဘက်မှာ အခစားဝင်နေကြောင်းပါ။ အရေးပေါ်စစ်ဘက်ဆိုင်ရာ အခြေအနေတွေကို အစီရင်ခံစရာရှိကြောင်းပြောပါတယ်ခင်ဗျ။"

ထိုသည်အားကြားပြီး ကျူ့ယွင်ရွှမ်း၏ တစ်လျှောက်လုံး တွန့်ချိုးနေခဲ့သည့်မျက်ခုံးတန်းတို့က ရုတ်တရက်ပြေလျော့သွားပြီး မျက်နှာချင်းဆိုင်ရှိ ငြိမ်သက်နေခဲ့သည့် လျန်ကျန်းအား စိုက်ကြည့်ကာ တည်တည်ငြိမ်ငြိမ်နှင့် ပြောလာသည်။

"ကျောင်းဝမ်ကမှ ကျင်းဝေ့တပ်ရဲ့ စစ်ဦးစီးချုပ်လေ။ ဘာအရေးကိစ္စရှိလို့ နန်းတော်ထဲဝင်ပြီး ကိုယ်တော့်ကို ဘာလို့လာအစီရင်ခံရတာပါလိမ့်နော်။"

လျန်ကျန်းက သူ့အားမျက်လုံးပင့်ကြည့်ကာ ရေပြင်ညီသဖွယ် အသံဖြင့်ပြောလာသည်။

"ဒီနေ့ပဲလား? ကျွန်တော်မျိုး ထင်ထားတာထက် ပိုမြန်နေတာပဲ။ အရှင်မင်းကြီးက ပရိယာယ်ကြွယ်တာပဲဗျာ။"

ကျူ့ယွင်ရွှမ်း ပြန်မဖြေဘဲ မတ်တပ်ထရပ်လိုက်ပြီး...

"ကိုယ်တော် ပင်ပန်းနေလို့ အရင်သွားအနားယူတော့မယ်။ အပြင်ကကိစ္စကို ကျောင်းဝမ်ကပဲ ကိုင်တွယ်လိုက်ပါ။"

ကျူ့ယွင်ရွှမ်း ပြောပြီးသည်နှင့် လှည့်၍အိပ်ဆောင်ထဲသို့ ဝင်သွားလေတော့သည်။

လျန်ကျန်းသည် ဝါးဖြင့်ရက်ထားသည့် အရုပ်ကလေးများကို ပြတင်းပေါက်ဘောင်ထက် တစ်ခုချင်းစီတင်လိုက်၏။ အကြည့်များကဗလာကျင်းနေကာ ရုတ်တရက်မှင်သက်နေမိသည်။

".........အပြင်ကလူကို ဝင်လာခိုင်းလိုက်။"

ကျင်းဝေ့တပ်၏ ဒုတပ်မှူးသည် သုတ်သီးသုတ်ပျာဖြင့် ဝင်လာကာ အစိုးရိမ်တကြီးလျှောက်တင်သည်။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now