Chapter 8

2.4K 227 15
                                    

Unicode

အခန်း{၈}

အထီးကျန်ခြင်း

ကောင်းကင်ရှိလင်းရောင်ခြည်သည် တဖြည်းဖြည်း တောက်ပလာသည်နှင့်အမျှ အလံများသည်လည်း ဂုဏ်ပြုတံခါးဝတွင် လွင့်ပျံကာ ပိတ်ကားချထားသကဲ့သို့ ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံထားလေသည်။

ကောင်းကင်မှပထမဆုံးအကြိမ် အလင်းရောင်ဖြာကျတောက်ပလာပြီးနောက် ကျူ့ယွင်ရွှမ်းသည် အခမ်းအနားတွင် စည်တော်သံကြီးနှင့်အတူ စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့သည့် ရိုးရာဓလေ့ဖြစ်သည့် ကောင်းကင်ဘုံသို့ပူဇော်သည့် ဆုတောင်းခြင်းအခမ်းအနားကျင်းပရန် ခြေတစ်လှမ်းခြင်း လှမ်းလိုက်၏။

နန်းတော်ဝင်ပေါက်၏ အဓိပတိလမ်းတွင် မရေမတွက်နိုင်သောအရာရှိများသည် နှစ်ဖက်စလုံးတွင် တန်းစီပြီး မြေပြင်ပေါ်တွင်ဒူးထောက်နေကြ၏။

ယခုအချိန်တွင် ဘုရင်မင်းမြတ်အသစ်သည် ထီးနန်းကိုဆက်ခံရန် ဖုန့်ထျန်း (ကောင်းကင်ဘုံမှပြဌာန်းသည်ကို နာခံလိုက်နာဖြည့်ဆည်း‌ပေးခြင်း) နန်း‌တော်အတွင်းသို့ ဝင်ရောက်လာကာ လူတန်းစားအသီးသီးမှ နန်းတွင်းအရာရှိများကို အရိုအသေပေးရန်အတွက် ထပ်ဆင့် ဂါရဝလာပြုကြသည်။ ဓလေ့ထုံးတမ်းရေးရာအမတ်ယန်ရှစ်ရွှယ်သည် ထီးနန်းလွှဲအပ်ဆက်ခံမည့်စာချွန်လွှာအားယူကာ မိန်းမစိုးကောင်းအန်းအား ကျယ်လောင်သောအသံဖြင့် ရွတ်ဆိုခိုင်းလေသည်။

"ငါကိုယ်တော်သည် ကောင်းကင်ဘုံ၏ အလိုတော်ကို ထမ်းဆောင်ရွက်ပြီး၊ မြတ်ဗုဒ္ဓ၏ ကြီးမြတ်သည့်ကောင်းချီးမင်္ဂလာ‌တွေနှင့်အတူ တာ့ရှင်ဘုရင်မင်းမြတ်၏ သေတမ်းစာအမိန့်တော်အတိုင်း ကျွန်ုပ်တို့မျိုးနွယ်ပိုင်ဆိုင်သည့် ဘိုးဘေးတို့၏ထီးနန်းအားဆက်ခံမည်......"

ရှင်းလင်းပြတ်သားလှသည့် ရွတ်ဆိုသံသည် နန်းတော်ထဲတွင် အချိန်အတော်ကြာအောင်ပဲ့တင်ထပ်နေလေသည်။ နောက်ဆုံးအသံ ပျောက်ကွယ်သွားချိန် စည်တော်သံတစ်ဖန်ထွက်ပေါ်လာပြီးနောက် ဝန်ကြီးများနှင့် ရာချီသောအရာရှိများအားလုံး သုံးကြိမ်ဒူးထောက်ကာ ကိုးကြိမ်ဂါရဝပြုလာသည်က ကြီးကျယ်ခမ်းနားလှသည့် အခမ်းအနားပင်။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now