Chapter 3.2

2.6K 292 3
                                    

Unicode

အခန်း{၃.၂}

ဧကရာဇ်နတ်ရွာစံလေပြီ

           

                                                                             ကန်းလင်နန်းတော်အပြင်ဘက်တွင် လက်ရှိအချိန်တွင် ကျူ့ယွင်ရွှမ်း သည်လက်အပူပေးကိရိယာကိုကိုင်ကာ ဖြည်းညှင်းစွာလျှောက်လာနေပြီး သူ၏ မြေခွေးသားမွေးအင်္ကျီကို ၀တ်ထားသည်။ သူ့နောက်မှ မိန်းမစိုး၏လက်ထဲမှ နန်းတော်မီးအိမ်သည် အောက်မှ စုပြုံနေသော ဆီးနှင်းများကို လင်းလက်နေပြီး မရေမတွက်နိုင်သည့် နွေးထွေးသောအလင်းရောင်ကို ရောင်ပြန်ဟပ်နေ‌လေသည်။

လျန်ကျန်းသည် သူ့ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို မြင်လိုက်ရပြီးနောက် သူ့နှုတ်ခမ်းထောင့်က သိသိသာသာ အပြုံးက ထွက်ပေါ်လာသည်။

ကျူ့ယွင်ရွှမ်း နီးကပ်လာသည်နှင့် မျက်လုံးချင်းဆုံလိုက်သောအခါတွင် သူသည် ဘာမှမထူးခြားသည့်ပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။

လျန်ကျန်းကပြုံးကာ သူ့အားမေး၏။

"အရှင့်သားက ဒီအချိန်ကြီး အရှင်မင်းကြီးကိုလာကြည့်တာလားဗျ။"

ကျူ့ယွင်ရွှမ်းကပြောလိုက်၏။

"ခမည်းတော် ထပ်ပြီးနေမကောင်းဖြစ်နေတယ်လို့ တစ်ခြားသူတွေဆီက ပြောသံကြားလို့ လာကြည့်တာ။"

"ဒါဆို အရှင့်သားက ဘာမှမလုပ်ပေးလိုက်ရမှာကို ကြောက်နေတာလား၊ အရှင်မင်းကြီးက ချောင်းဆိုးသွေးအန်ပြီး သတိလစ်‌မေ့မြောနေတာ အရှင့်သားသွားတွေ့လည်း သူသိမှာမဟုတ်ဘူး။"

ကျူ့ယွင်ရွှမ်းသည် တောက်ပနေသော အလင်းရောင်နှင့် အရိပ်ထင်ဟပ်နေသည့် အိပ်ဆောင်၏ ဦးတည်ရာကိုတစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်သော အမူအယာဖြင့်

"ဒီလိုဆိုရင်လည်း နောက်နေ့မှပဲ ထပ်လာကြည့်တော့မယ်"

"ဒါဆို အရှင့်သားနဲ့ ကျွန်တော်မျိုးတို့ အတူတူပြန်ကြတာပေါ့။"

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now