Chapter 29

1.3K 158 8
                                    

Unicode

အခန်း {၂၉}

ညှင်းပန်းခံနေရခြင်း


ငါးလပိုင်းထဲဝင်လာပြီးနောက် တစ်နေ့ထက်‌တစ်နေ့ ပိုပိုပူလာလေပြီ။ ကျူ့ယွင်ရွှမ်းသည် အပူဒဏ်ကြောင့် တစ်ကြိမ်မူးလဲပြီးသွားပြီပင်။ ထို့နောက် တော်ဝင်သမားတော်၏ အကြံပြုချက်ကို လိုက်နာကာ နွေအပူရှောင်ရန် ပေဟိုင်ရှိအခြားနန်းတော်သို့ ပြောင်းရွှေ့လေ၏။ နံနက်ခင်းညီလာခံကို သုံးရက်တစ်ကြိမ်ညီလာခံသေးလေးတစ်ခုနှင့် ငါးရက်တစ်ကြိမ်ညီလာခံကြီးတစ်ခုကျင်းပမည်ဟု ပြောင်းလဲသတ်မှတ်လိုက်ပြီး အားပြန်ပြည့်လာစေရန် အနားယူလိုက်လေသည်။

လျန်ကျန်းသည် နေ့တိုင်းသူ့အားလာကြည့်လျက် အသေးအမွှားလေးကအစ ကူဖြေရှင်းပေးလေ၏။ ကျူ့ယွင်ရွှမ်းသည် လျစ်လျူရှုထားကာ အရေးကြီးလေးနက်သည့်ကိစ္စပြောမှသာလျှင် ခွန်းတုံ့ပြန်သည်။ လျန်ကျန်း သူ့အား အတင်းအကြပ်ကြီးလည်း ထပ်မလုပ်‌တော့။ ဆန့်ကျင်ဘက်အနေဖြင့် ကျူ့ယွင်ရွှမ်းနှင့် အတူတူအေးအေးချမ်းချမ်း ယှဉ်တွဲနေထိုင်နေတဲ့ ဒီလိုအခြေအနေမျိုးလေးကိုနှစ်သက်သည်။

ပူပြင်းသည့်နွေရာသီနေ့လည်ခင်းအခါ၌ ပြတင်းပေါက်အပြင်ရှိ ရေကန်ပြင်မှတိုက်ခတ်လာ‌လေတဲ့ လေညင်းသွဲ့သွဲ့က ထုံသင်းပျံ့တဲ့ပန်းရနံ့တို့နှင့် ပေါင်းစပ်ကာ ချမ်းစိမ့်စိမ့်‌လေနုအေးလေးကို သယ်ဆောင်ထားလျက်။

လျန်ကျန်း၏ စုတ်တံထိပ်ဖူးသည် ခေတ္တတန့်သွားပြီး မော့ကြည့်လိုက်သည့်အခါ နန်းတွင်းရေးရာကိစ္စများအပြီး ဖြောင့်တန်းနေသည့်ကျောပြင်နှင့် မျက်ခုံးများကိုတွန့်ချိုးလျက် အသနားခံလွှာများကို လှန်လှောဖတ်နေသည့် ဘုရင်မင်းမြတ်ကိုတွေ့နိုင်သည်။

နေရောင်ခြည်သည် သူ၏လှပသည့်ဘေးတစောင်းမျက်နှာလေးထက် တိတ်တဆိတ်ဖြာကျနေလျက်။ ချဉ်းကပ်ဖို့ရာခဲယဥ်းလှတဲ့ အေးစက်မှုလေးတစ်ခုဟာ သိမ်မွေ့နူးညံ့သည်ဆိုတာ အမှန်ပါပဲလား။

လက်အောက်ငယ်သားများသည် အပူဒဏ်သက်သာစေရန် ချိုမြမြဟင်းရည်လေးကို လာရောက်ပို့ဆောင်၏။ ယနေ့ဟင်းလျာက ကျောက်ပွင့်ကြာစေ့ဟင်းရည်ပင်။ အအေးခံထားပြီး တည်ခင်းလာသည့်အခါ အပူငွေ့တို့တ‌ထောင်းထောင်းထနေသေးသည်။ ကျူ့ယွင်ရွှမ်း၏ အမူအယာသည်နောက်ဆုံးတော့ အနည်းငယ်ပြေလျော့သွားပြီး ဟင်းရည်ချိုချိုလေးကို ယူလိုက်လေသည်။ လျန်ကျန်းသည် နှုတ်ခမ်းထက်အပြုံးဆင်မြန်းရင်း ကြည့်နေလေသည်။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now