Chapter 44

1.4K 161 16
                                    

Unicode

အခန်း {၄၄}

ကိုယ့်အတတ်ကိုယ်စူးမိပြီ

နောက်နေ့မနက်စောစော၌ ကျူ့ယွင်ကျင်ဟာ နန်းတော်ထဲဝင်လာပြန်လေသည်။ သူဝင်လာချိန် သမားတော်ဖန်းက ကျူ့ယွင်ရွှမ်းအား သွေးခုန်နှုန်းစမ်းသပ်ပေးနေချိန်ဖြစ်ရာ ကျူ့ယွင်ကျင်သည် လက်ပိုက်လျက်ကြည့်နေရင်း စိုးရိမ်တကြီးမေး၏။

"အရှင်မင်းကြီး ဘယ်လိုနေလဲ?"

သမားတော်ကြီးမှာ ကျူ့ယွင်ကျင်အား မှတ်မိလေပြီး လျန်ကျန်းထက်ပိုပြီး သူ့က်ိုသတိထားနေရသည်။ ကျူ့ယွင်ရွှမ်း၏ ကျန်းမာရေးအခြေအနေအားလုံးကို အသေးစိတ်တကျရှင်းပြခဲ့၏။ ကျူ့ယွင်ရွှမ်းမှာ ချီစွမ်းအင်နှင့် သွေးအားနည်းမှုကြောင့် လမစေ့ဘဲ‌ မွေးဖွားနိုင်ချေရှိသည်ဆိုတဲ့အကြောင်း ကြားပြီးသကာလ ကျူ့ယွင်ကျင်၏ မျက်ခုံးတန်းတို့မှာစုကျုံ့သွားတော့သည်။ သို့သော် ကျူ့ယွင်ရွှမ်းမှာမူ မျက်လုံးချင်းစေ့စေ့ပင်မကြည့်။ ဖြူဖျော့နေသော မျက်နှာထက် မည်သည့်အမူအရာမှမရှိ ကျင့်သားရနေသယောင်။

သမားတော်ဖန်း ထွက်သွားပြီးနောက် ကျူ့ယွင်ရွှမ်းသည် စုတ်တံကိုကောက်ကိုင်လိုက်ပြီး အစီရင်ခံစာများကို သုံးသပ်ချင်နေလေရဲ့။ အရင်က လှည့်ကွက်ဖန်ဖို့ရာအတွက် တိုင်းရေးပြည်ရေးတွေကို အချိန်အတော်ကြာလျစ်လျူရှုခဲ့မိ၏။ ယခုမူ တိုင်းပြည်အရေးကိစ္စတွေမှာ အဆုံးမရှိနောက်ကျကျန်နေပြီး သူ့အဆုံးအဖြတ်အား စောင့်ဆိုင်းနေကြတာကြောင့် ထပ်ပြီးမနှောင့်နှေးသင့်တော့။

ကျူ့ယွင်ကျင်က သူ့လက်ထဲရှိအစီရင်ခံစာကို ဆွဲယူလိုက်ကာ တစ်ဖက်ကိုပစ်ချလ်ိုက်ပြီး ကောင်းအန်းကို အချက်ပြလိုက်သည်။

"အကုန်လုံးကို အစိုးရအဖွဲ့ဆီကိုလွှဲလိုက်။ အရှင်မင်းကြီး ကျန်းမာရေးမကောင်းနေလို့,လို့ပြောပြီး သူတို့ကို ကြည့်ကြပ်လုပ်ခိုင်းလိုက်။"

ကျူ့ယွင်ရွှမ်းက အငြင်းစကားဆို၏။

"ကျွန်တော်လုပ်နိုင်......."

ကျူ့ယွင်ကျင်သည် ‌နောက်လှည့်ကာ သူ့မျက်လုံးကိုစေ့စေ့ကြည့်ရင်း....

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now