Chapter 10

1.9K 187 15
                                    

Unicode

အခန်း{၁၀}

ရန်သူအားပိတ်ဆို့ဖျက်ဆီးခြင်း

မိုးသည်စဲမသွားသေးချေ။ ဖယောင်းထောက်တိုင်ထိပ်ရှိ မီးတောက်သည် မှိန်ဖျော့လာသည်ကြောင့် စာကြည့်ခန်းအတွင်းပိုင်းသည် တဖြည်းဖြည်း မှောင်မည်းလာ၏။

ကျူ့ယွင်ရွှမ်း၏ စိတ်အခြေအနေသည် ချည်ထိုးအပ်များပေါ်တွင် ထိုင်နေရသကဲ့သို့ ဂနာမငြိမ်ဖြစ်လာပြီး

"ကိုယ်တော် ဘယ်အချိန်တုန်းကများ ကျောင်းဝမ်ကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခဲ့ဖူးလို့.. ကျောင်းဝမ်က ဖယောင်း‌တိုင်လေး နှစ်တိုင်လောက်ထွန်းဖို့အရေး တွန့်ဆုတ်နေရတာပါလဲ?"

လျန်ကျန်းသည် ခပ်တိုးတိုးရယ်လိုက်ပြီး

"ကျွန်တော်မျိုး ငယ်ငယ်ကတည်းက ဒီအလင်းရောင်မဲ့နေတဲ့ အမှောင်ခန်းထဲမှာ နေခဲ့ရတာအကျင့်ဖြစ်နေလို့ အရှင်မင်းကြီးလည်းရှိနေတာကိုပါ မေ့သွားမိတယ်။ ကျွန်တော်မျိုးရဲ့ ပေါ့ဆမှုပါ။"

တစ်ခန်းလုံး မီးများအားလုံးထွန်းလင်းလာပြီး ဖယောင်းတိုင်မီးသည်လည်း တဖျပ်ဖျပ်‌တောက်လာ၏။ လျန်ကျန်း၏ အပြုံးမျက်ဝန်းများသည်
ဖယောင်းတိုင်မီးနှင့်တကွ ပိုမိုကာထင်ဟပ်နွေးထွေးနေခြင်းသည် ကျူ့ယွင်ရွှမ်းအား တခုခုအားဆုံးရှုံးသွားရသယောင်။

"......ငယ်ငယ်ကတည်းက အလင်းရောင်မဲ့နေတဲ့အမှောင်ခန်းထဲမှာ နေခဲ့ရတာအကျင့်ဖြစ်နေတယ်။ အဲဒါဘာ အဓိပ္ပာယ်လဲ?။"

လျန်ကျန်းက ဖြစ်သလိုရှင်းပြလိုက်၏။

"ကျွန်တော်မျိုးရဲ့ အဲ့သည့်အမေ၊ အဆိပ်ပြင်းတဲ့မိန်းမပေါ့ဗျာ။ ကျွန်တော်မျိုး နှစ်နှစ်သုံးနှစ်သားအရွယ်တုန်းက မကြာခဏမီးမရှိတဲ့ အခန်းထဲမှာပိတ်လှောင်ထားခံခဲ့ရတာ။ တစ်ခါပိတ်ရင် နာရီပေါင်းမြောက်များစွာကြာတယ်။ အကြိမ်ရေများလာတော့လည်း ကျင့်သားရသွားခဲ့တာပါပဲ။"

ကျူ့ယွင်ရွှမ်းသည် ထိုစကားအားကြားပြီး မျက်မှောင်ကြုတ်ကာ

"သူမက မင်းရဲ့အမေဆိုရင် ဘာလို့ဒီလိုလုပ်ရတာလဲ?"

လျန်ကျန်းသည် စစ်တုရင်အားတစ်ကွက်ရွှေ့လိုက်ရင်း ဂရုမစိုက်စွာဖြင့်

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now