Chapter 60

1.7K 197 17
                                    

Unicode

အခန်း {၆၀}

ဘုရင်မင်းမြတ်အား အကြမ်းဖက်ခြင်း

လျန်ကျန်းဝင်လာချိန်မှာ သစ်ကြားသီးလုံးလောက်မျက်ရည်တွေနဲ့ ငိုနေသည့်ယန့်အာမှာ အမျိုးသမီးကြီး၏ ချော့သိပ်မှုကိုခံယူရင်း အိပ်ပျော်နေပြီ။ လျန်ကျန်းသည် ကုတင်ဘေးဘက်မှာ တခဏရပ်ကြည့်နေပြီး ခပ်ရေးရေးမျက်မှောင်ကြုတ်ကာ အမျိုးသမီးကြီးအား အသံခပ်တိုးတိုးဖြင့်မေးလိုက်သည်။

"ကလေး ဒဏ်ရာရသွားသေးလား?"

"မရပါဘူးရှင့်။ ကြောက်သွားရုံလောက်ပါပဲ။ အဲ့အချိန်တုန်းက နောက်ကလိုက်လာတဲ့ တော်ဝင်သက်တော်စောင့်တွေက အရမ်းများတော့ နည်းနည်းကွဲပြားတဲ့နည်းလမ်းလေးပဲ သုံးနိုင်လိုက်တာပါ။ စစ်သူကြီး တစ်မျိုးမထင်ပါနဲ့။"

"ရှိစေတော့။ ခင်ဗျားအပြင်ထွက်တော့။ ကလေးစားနိုင်လောက်တာလေးလုပ်ပြီး ခဏနေ ကလေးနိုးလာရင် လာပို့ပေးလှည့်။"

"ဟုတ်ကဲ့"

အမျိုးသမီးကြီးထွက်သွားပြီးနောက် လျန်ကျန်းသည် ကုတင်ဘေးထိုင်လိုက်ပြီး လက်ချောင်းများက အိပ်ပျော်နေတဲ့ယန့်အာ၏ ခပ်ရဲရဲမျက်နှာလေးထက် ဖွဖွလေးပွတ်သပ်ကာ နှုတ်ခမ်းထောင့်စွန်းတို့က အချိုးကျကျကွေးညွတ်သွား၏။

ကလေးလေးက တစ်လျှောက်လုံးအိပ်နေပြီး ညနေစောင်းလောက်မှနိုးလာ၏။ ပါးစပ်ကနေ "ဖေဖေ" ဟုခေါ်ကာ မျက်လုံးကိုပွတ်လျက် အိပ်ချင်မူးတူးလေးနှင့်ထလာသည်။ သူ့ဘေးမှာ ဘယ်သူထိုင်နေလဲဆိုတာ သေချာကြည့်လိုက်ပြီး အရင်ဆုံးအံ့အားသင့်သွားကာ အော်ငိုတော့သည်။

"သားဖေဖေနဲ့ ခမည်းတော်ကိုလိုချင်တယ်......ဝူး......"

လျန်ကျန်းကပွေ့ချီလိုက်ပြီး ကလေးငယ်လေးရဲ့ကျောလေးကို စိတ်ရှည်လက်ရှည်ပုတ်ပေးရင်း ချော့မြူ၏။

"ယန့်အာအလိမ္မာတုံးလေး ဦးဦးက သားရဲ့ဖေဖေပါ......"

"သား ဦးဦးကိုလိုချင်ဘူး......သားဖေဖေကိုပဲလိုချင်တယ်......ဝူးဝူး......"

"သားရယ် မငိုပါနဲ့နော်။ ဦးဦးသားအတွက် ယုန်လေး လုပ်ပေးထားတယ်။ သားကြည့်ကြည့်ပါဦး သဘောကျရဲ့လားဟင်?"

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now