Chapter 2.2

3K 338 12
                                    

UNICODE

အခန်း {၂.၂}

သေဆုံးခါနီးလူတစ်ယောက်၏စကား


"ဟုတ်လား?"

လျန်ကျန်းသည် ထိုစာလုံးနှစ်လုံးအား အသံတိုးတိုးဖြင့်ရေရွတ်လိုက်၏။ သူ့အသံမထင်မရှားရေရွတ်ပြီးနောက် သက်ပြင်းဖွဖွချလိုက်လေသည်။ ဧကရာဇ်ကျောင်းယန်သည် သူ့စိတ်ခံစားချက်ကိုဖမ်းစားလိုက်ပြီးနောက် သူ့ဆီသို့ တစ်ဖန်ပြန်ကြည့်သောအခါ တစ်ခဏမျှအံ့အားသင့်သွားလေ၏။

လျန်ကျန်းသည် သူ့အပေါ်တွင် အမြဲတမ်း ရိုကျိုးလေးစားမှုရှိခဲ့သည်။ စိတ်ထဲတွင် မကျေမနပ်ငြီးတွားမှုများကြောင့် သူနှင့် နီးစပ်လိုသည့်တောင်းဆိုမှုများကို သူ့စိတ်ထဲတွင်ဖြစ်ပေါ်လာသည့် ခံယူချက်အတိုင်းကောင်းမွန်စွာ ဆက်ဆံလိုစိတ်မရှိပေ။ သို့သော်လည်း ထိုသူသည် သူ့စကားကို အမြဲနာခံပြီး သူ့စိတ်ကြိုက်အရာရာကို အမြဲလုပ်ဆောင်ခဲ့သည်။ သို့သော် သူသည် ယနေ့လိုမျိုး တစ်ခါမှ မဖြစ်ဖူးခဲ့‌ချေ။ ကျိုးနွံမှုနှင့် လေးစားမှု နှစ်ခုစလုံးကို သူ့မျက်ဝန်းထဲတွင် မမြင်နိုင်ရတော့ဘဲ အဝေးမှကြည့်လျှင်တောင်မြင်နိုင်သည့် လှောင်ပြောင်ရှုတ်ချမှုနှင့် ရွံရှာမှုများသာ ကျန်ရှိတော့သည်။

"ကျန်းအာ..."

"အရှင်မင်းကြီး ကျွန်တော်မျိုးကို ဒီလိုခေါ်တာ ရပ်သင့်တယ်။"

လျန်ကျန်းသည် ထရပ်လိုက်ပြီး အင်္ကျီလက်နှစ်ဖက်ကျယ်ကျယ်ကို ခေါက်တင်လိုက်ပြီး ဧကရာဇ် ကျောင်းယန်ကို ငုံ့ကြည့်ကာ သူ့အမူအရာက ပိုပိုပြီးဂရုမစိုက်သည့်အမူအယာဖြင့်..

"ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့စိတ်ကို ရိုက်ချိုးသလိုဖြစ်မှာတောင်စိုးမိတယ်ဗျာ။"

ဧကရာဇ်ကျောင်းယန်သည် ​​ခဏမျှအံ့အားသင့်သွားပြီး ဝမ်းနည်းသည့်အမူအယာဖြင့်

"မင်းက ငါကိုယ်တော့်ကို ဒီ‌လောက်ထိကိုမုန်းတီးနေတာလား?၊ အဲ့ဒီ့နှစ်တွေတုန်းက မင်းအ‌ဖေကို ငါကိုယ်တော်တောင်းပန်ခဲ့ပါတယ်၊ ဒါပေမယ့် ငါကိုယ်တော်မင်းအတွက် လက်တစ်ဖက်တည်းနဲ့ အိမ်ရှေ့စံမင်းသားကိုသတ်ပစ်ခဲ့တယ်‌လေ၊ မင်း ငါကိုယ်တော့်ကို ဘာလုပ်စေချင်သေးလို့လဲ..."

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now