Chapter 36

1.2K 155 17
                                    

Unicode

အခန်း {၃၆}

ကိုယ်ဝန်ဖျက်ချခြင်းနည်း


ကန်းလင်နန်းတော်၊ ဘုရင်မင်းမြတ်အိပ်ဆောင်။

ကောင်းအန်းသည် သလွန်ဘေးဒူးထောက်လျက် မျက်လုံးများကို ခပ်တင်းတင်းမှိတ်ထားသည့် ကျူ့ယွင်ရွှမ်း၏ နဖူးထက်ရှိချွေးစေးများကို ဂရုတစိုက်သုတ်ပေးနေလေသည်။ တော်ဝင်သမားတော်ဖန်းက သူ့ဝမ်းဗိုက်ထက် အပ်စိုက်ကုထုံးဖြင့် အပ်တစ်ချောင်းပြီးတစ်ချောင်းစိုက်နေကာ သတိတကြီးဖြင့် နည်းနည်းမှအမှားမလုပ်ဝံ့ချေ။

နာရီဝက်အကြာ၌ သမားတော်ကြီးသည် ကျူ့ယွင်ရွှမ်း၏ သွေးခုန်နှုန်းကို ထပ်မံရှာဖွေစမ်းသပ်၏။ နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားကာ အသံတိတ်တိတ်နှင့် ဘေးနားတွင် အချိန်အကြာကြီးမတ်တပ်ရပ်နေပြီး မျက်ခုံးတန်းတို့စုကျုံ့နေတာတောင် တည်ကြည်ခံ့ညားနေသည့် လျန်ကျန်းထံ လျှောက်တင်လေသည်။

"အရှင်မင်းကြီးရဲ့ သွေးခုန်နှုန်းက တည်ငြိမ်သွားပြီဆိုတော့ ဗိုက်ထဲက သန္ဓေသားလေးက ဘေးကင်းလောက်မှာပါ။"

"အရှင်မင်းကြီးရော ဘယ်လိုနေလဲ?"

"သလွန်မှာပဲအိပ်စက်အနားယူပြီး သန္ဓေသားလေးအတွက် အစာလမ်းကြောင်းထဲကလေကို ထပ်ပြီးမထိခိုက်ပါစေနဲ့။ ဒီငယ်သားက ဆေးတွေ ထပ်ညွှန်းလိုက်ပါ့မယ်။ ခဏတာအနားယူလိုက်ရင် သက်သာပျောက်ကင်းသွားနိုင်ပါတယ်။"

လျန်ကျန်းမှာ ရေထဲမှဆွဲထုတ်ထားသလို သလွန်ထက် ချွေးစေးတို့တစက်စက်ကျနေသည့် ကျူ့ယွင်ရွှမ်းအား တစ်ချက်ငေးကြည့်လိုက်ပြီး ခေါင်းညိတ်ပြကာ ခပ်ဩဩအသံဖြင့် ပြောလိုက်သည်။

"ခင်ဗျားအရင်ထွက်သွားတော့။"

သမားတော်ကြီးထွက်သွားပြီးနောက် လျန်ကျန်းသည် ရှေ့တိုးလာကာ ကောင်းအန်းလက်ထဲရှိ လက်ကိုင်ပုဝါကိုဆွဲယူလိုက်ပြီး သူ့လက်နှင့် ကိုယ်တိုင်ချွေးသုတ်ပေးချင်ပေမဲ့ ကျူ့ယွင်ရွှမ်းက ခေါင်းကိုတစ်ဖက်လှည့်ကာ ရှောင်လိုက်၏။ လျန်ကျန်း၏ မြှောက်ထားသည့်လက်တို့ရပ်တန့်သွားကာ ပြန်ရုတ်လိုက်လေသည်။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now