Chapter 32

1.3K 171 13
                                    

Unicode

အခန်း{၃၂}

နှလုံးသားပျော့ညံ့‌လေခြင်းမဟုတ်တန်ရာ


လျန်ကျန်း၏ လျှောက်တင်လွှာသည် ထီးနန်းပလ္လင်ရှေ့တော်မှောက်ရောက်တာ တစ်လအကြာရှိပြီဖြစ်၏။ ဤတစ်လတွင် သူသည် ယွိကျိုး၌ အားကြိုးမာန်တက်ဖြင့် အလုပ်တွေအများကြီးလုပ်ခဲ့သည်။ သူကိုယ်တိုင်တောင် ပြောစရာမလို။ အစောကတည်းက တရားရုံးတော်သို့ တစ်ယောက်ပြီးတစ်ယောက် ပြန်တင်ပြပြီးသားပင်။

ယွိကျိုးသို့ ရောက်ပြီးပထမဆုံးနေ့တွင် သူသည် ရောဂါကူးစက်မှုဒဏ်အပြင်းထန်ဆုံးခံရသည့် စီရင်စုနှင့် ပြည်နယ်အများအပြားကို ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့သည်။ မြို့စောင့်တပ်၏ ပင်မတပ်စခန်းသို့ ကိုယ်တိုင်သွားရောက်ကာ စစ်သည်စစ်လက်နက်များကို ပြောင်းရွှေ့လေ၏။ ယွိကျိုး သံတမန်အကြီးအကဲ၏ ဘိုးဘွားပိုင်နေအိမ်အား ဝိုင်းရံကာ သံတမန်အကြီးအကဲ၏ အသက်ရှစ်ဆယ်အရွယ် အမယ်အိုကြီးအား နေအိမ်ထဲမှနေ အတင်းအဓမ္မဆွဲထုတ်လေသည်။ တံခါးဝ၌ ကျွတ်ကျွတ်ညံအောင်စပ်စုနေကြသည့်လူထုသည် ပြာနှမ်းတဲ့ထိချောင်းဆိုးနေသည့် ထိုအမယ်အိုကြီးအားမြင်လျှင် အလျှိုလျှိုလူစုခွဲသွားကြတော့၏။ ဤသည်က ကူးစက်ရောဂါသည်တွေအား ထိန်းသိမ်းနယ်မြေကို မပို့ရသေးတာလား မသိနိုင်ဘူးလေ။ ခြေတစ်လှမ်းနှေးလိုက်တာနဲ့ ကူးစက်ခံရမှာ ကြောက်ပါ၏။

တစ်ဖန် လျန်ကျန်းသည် စစ်သည်ရဲမက်များအား ကျယ်ဝန်းသည့်နေအိမ်တော်တော်များများကို ဝိုင်းရံခိုင်းပြီး ဖျားနာသံသယရှိ ရောဂါသည်များအားလုံးကို ဆွဲထုတ်ကာဖမ်းဆီးသည်။ ခုခံဆန့်ကျင်သူအား တွေ့ပါက တစ်ဖက်လူဟာ မည်သည့်ဂုဏ်ဒြပ်၊ နောက်ကွယ်က မည်သည့်အင်အားပါဝင်နေပါစေ သူသည် ဓားထုတ်ကာ ခုတ်သတ်ပစ်သည်။

ထိုနေ့တွင် ယွိကျိုး၏သံတမန်အကြီးအကဲသည် သတင်းကြားပြီးနောက် တာဝန်မှအလျင်အမြန်ပင် အမီပြန်လာခဲ့ပေမဲ့ ထုချေလွှာတစ်ဝက်တောင်ချေပဖို့ရာ အချိန်မမီ‌တော့ဘဲ လျန်ကျန်းသည် လူအား ဖမ်းဆီးခိုင်း၏။ ဦးထုပ်အနက်ကိုချွတ်စေကာ နန်းမြို့တော်သို့ တိုက်ရိုက်ပို့ဆောင်လေသည်။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now