Chapter 34

1.2K 155 11
                                    

Unicode

အခန်း {၃၄}

ပြဇာတ်ကောင်းတစ်ပုဒ်

ဒုတိယနေ့ ညီလာခံထက်၌ ကျူ့ယွင်ရွှမ်း လျန်ကျန်းပြောသည့် ဗိသုကာဌာနရဲ့ အရာရှိနှင့် တွေ့ဆုံခဲ့လေသည်။ ထိုလူ၏ အမည်နာမမှာ ကျိုးကျန်ဖြစ်ပြီး အသက်သုံးဆယ်ရှိတော့မည်ပင်။ အတော်လေး ဋ္ဌာန်ကရိုဏ်းကျကျပြောတတ်ပြီး စကားအရာမှာ ထူးချွန်ပြောင်မြောက်လှတဲ့လူတစ်ယောက်။

ပထမဆုံးအကြိမ် ညီလာခံတက်ရသော်ငြား ကြောက်ရွံ့ခြင်းအလျဉ်းမရှိ။ ညီလာခံနှင့်ရင်ဆိုင်ရချိန် မမောက်မာသလို နှိမ့်ချခြင်းလည်းမရှိ ဗျူဟာခင်းထားပြီးသားဖြစ်ရာ သူ့ရဲ့ စဉ်းစားတွေးခေါ်ပုံတွေမှာ ရှင်းလင်းပြတ်သားပြီး အမြော်အမြင်ရှိကာ စကားကြွယ်လေ၏။ ကျူ့ယွင်ရွှမ်းပင်လျှင် အထင်ကြီးသည်မှာ မြေကြီးလက်ခတ်မလွဲ။

အထူးသဖြင့် သူအစီစဉ်ဆွဲသည့် မြစ်လမ်းကြောင်းပြောင်းမည့် စီမံကိန်းမှာ မနေ့က လျန်ကျန်း ပြောခဲ့တာတွေထက် ပို၍အသေးစိတ်ကျသည်။ အမျိုးမျိုးသော အတွင်းအပြင်အခြေခံအကြောင်းတရားများ၊ အချိန်မှန်နေရာမှန်‌‌အားလုံးကို ထည့်သွင်းစဉ်းစားခဲ့ပြီး အသေးစိတ်တွက်ချက်မှုများကိုပါ ပြုလုပ်ခဲ့ကြလေသည်။ သိသာတာကတော့ အချိန်အတော်ကြာပြင်ဆင်ထားခဲ့တာဖြစ်ပြီး ဦးနှောက်ကိုတစ်ချက်ပိတ်ရိုက်ပြီးမှ စဉ်းစားလို့ထွက်လာတာမဟုတ်ပေ။

ကျူ့ယွင်ရွှမ်း အမှန်ပင် အယုံသွင်းခံရလေ၏။ ယခုအခါ နိုင်ငံ့ဘဏ္ဍာတိုက်လည်းရှိနေပြီဆိုမှတော့ အခုလိုအချိန်ကုန်လူပန်းတဲ့ စီမံကိန်းကြီးဆိုလည်း ကြိုးစားကြည့်ရကျိုးနပ်ပါတယ်လေ။ သူ့ထင်မြင်ချက်ကိုမဖော်ပြခင် ကျမ်းဟွိုင်ဦးဆောင်သည့် အရပ်ဘက်အရာရှိတစ်စုမှာ တတွတ်တွတ်ဖြင့်ဆန့်ကျင်စကားဆိုလာကြသည်။ ဤလုပ်ရပ်ဟာ လောကကိုလှည့်ဖြားပြီး ဂုဏ်သတင်းခိုးယူပါတယ်တို့၊ တိုင်းပြည်နဲ့လူမျိုးကို ဘေးဥပါဒ်‌‌ဖြစ်စေပါတယ်တို့ ပြောင်ပြောင်တင်းတင်းပြောဆိုကြလေသည်။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now