Chapter 48

1.2K 170 14
                                    

Unicode

အခန်း {၄၈}

ယင်နှင့်ယန် မှားယွင်းလေသလော

မနက်ခင်းနေရောင်မပွင့်ခင်မှာပင် မြို့တံခါးဖွင့်ထားကာ လူငါးယောက် ခြောက်ယောက်သာပါရှိသော မြင်းစီးအဖွဲ့သည် ဂိတ်စောင့်တွေထံ ဖြတ်သန်းခွင့်တောင်း၏။ မူမှန်မှုရှိမရှိစစ်ဆေးပြီးနောက် တိတ်တဆိတ်ပင် မြို့တော်ထဲကနေထွက်သွားလေသည်။

မြို့ပြင်ကိုထွက်လာပြီးနောက် ခရီးတစ်ထောက်အရောက်မှာ ခေါင်းဆောင်ဖြစ်ပုံရသည့် မျက်နှာထက်ဝက်လောက်ထိ ဖုံးနေသော ဝါးခမောက်ဆောင်းထားသည့် အမျိုးသားဟာ ရုတ်တရက်မြင်းဇက်ကြိုးကို ဆွဲကာလှည့်လိုက်ကာ ဦးတည်ရာမှာ ရှေ့ရှိခမ်းနားထည်ဝါနေသော မြို့ရိုးတံတိုင်းကိုမျှော်ကြည့်နေသည်။ အချိန်ကြာမြင့်စွာ နန်းမြို့တော်ကြီးကို စိုက်ကြည့်နေရင်း မျက်ဝန်းထဲရှိ စိတ်မတင်မကျဖြစ်နေမှုတို့မှာ အသူရာချောက်နက်အလား တိမ်မြုပ်ပျောက်ကွယ်သွား၏။

အချိန်အတော်ကြာပြီးနောက် သူ့နောက်ရှိ ကျွန်ယုံတော်တစ်ဦးက အသံတိုးတိုးဖြင့် သတိပေးလာသည်။

"သွားသင့်ပါပြီဗျ။"

လျန်ကျန်း မျက်လုံးများကိုအသာမှိတ်ထားလိုက်ပြီး မြင်းခေါင်းကိုပြန်လှည့်လိုက်ကာ ကျာပွတ်ကိုလွှဲရိုက်လိုက်ပြီး မဆိုင်းမတွဖြင့်ထွက်ခွာသွားလေတော့သည်။

ကျူ့ယွင်ရွှမ်းသည်ကား ရောင်နီထွက်ပြူလာသည်အထိ အမှောင်ကြီးထဲတွင် တစ်ညလုံးထိုင်နေခဲ့ပြီး ကောင်းအန်းက အသံနိမ့်နိမ့်ဖြင့် လျှောက်တင်၏။

"အရှင်မင်းကြီး မြို့တော်တံခါးလည်းပွင့်သွားပြီ......သွားရမဲ့အချိန်လည်းရောက်ပါပြီဘုရား.....ငယ်သားက အရှင်အနားယူဖို့ ခစားပါရစေ။"

"မလိုပါဘူး။"

ကျူ့ယွင်ရွှမ်းက တိုးသဲ့သဲ့ပြောလာသည်။

"ကိုယ်တော့်ကို အဝတ်အစားလဲပေးပြီးရင် တော်ဝင်ညီလာခံတက်မယ်။"

အချိန်အတော်ကြာအောင် တော်ဝင်ညီလာခံ၌ မျက်နှာလာမပြခဲ့သည့် ဘုရင်မင်းမြတ်သည် ယနေ့တွင်ရုတ်တရက်ပေါ်လာခဲ့သည်။ မူလက ပျင်းရိလေးကန်နေသော ဝန်မင်းများအားလုံးမှာ အမြော်အမြင်ရှိရှိဖြင့် တက်ကြွနေကြလေရဲ့။  ကျူ့ယွင်ရွှမ်းသည် တော်ဝင်အမိန့်တော်ကို ဖတ်ကြားရန်လူတစ်ဦးအား တိုက်ရိုက်မိန့်ကြားလိုက်သည်။ လျန်ကျန်း ကျူးလွန်ခဲ့သော ပြစ်မှုကြီးဆယ့်သုံးချက်ကို အဆင့်ဆင့်ဖော်ပြပြီး ဝမ်ကျွယ်ဘွဲ့တော်အပြင် ချက်ချင်းကွပ်မျက်ရန်နှင့် ကြံရာပါနောက်လိုက်အကုန်လုံးအား ပြည်နှင်ဒဏ်ချမှတ်လိုက်ကြောင်းပင်။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now