Chapter 31

1.2K 162 13
                                    

Unicode

အခန်း {၃၁}

တိုင်းပြည်တာဝန်ထမ်းရန် ဦးစွာခွင့်ပန်ခြင်း



မိုးသည်းထန်စွာရွာသွန်းပြီးနောက် နွေနေ့လည်ခင်းဟာ ပူသထက်ပူပြင်းလာ‌လေသည်။ အပြင်ဘက်က ပျံ့လွင့်လာသည့် ရယ်မောသံတို့အား ကြားသည့်အခါ စာဖတ်နေသည့် ကျူ့ယွင်ရွှမ်း၏ မျက်ခုံးတို့ စုကျုံ့သွားရသည်။

ကောင်းအန်းသည် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းငုံ့ကြည့်ပြီး အသံတိုးတိုးဖြင့် လျှောက်တင်လေသည်။

"ရေကန်အစပ်နားမှာ လေတံခွန်လွှတ်နေကြတဲ့ နန်းတွင်းသူအစေခံတွေပါ။ အရှင်မင်းကြီးကို စိတ်အနှောင့်အယှက်ဖြစ်စေရင် ဒီအစေခံသွားနှင်ထုတ်လိုက်ပါ့မယ်။"

ကျူ့ယွင်ရွှမ်း ဘာမှပြန်မပြောဘဲ စာအုပ်ချလိုက်ပြီး ပြ‌တင်းပေါက်ဆီ အေးအေးလူလူ လမ်းလျှောက်သွားကာ အဝေးကိုငေးကြည့်နေ၏။ မိုးဦးကျ မိုးရွာသွန်းပြီးနောက် အရောင်အသွေးစုံလင်လှပသည့် ရောင်စုံသက်တံတစ်စင်းဟာ ကောင်းကင်ယံထက် လေးကိုင်းသဖွယ် ညွတ်ကိုင်းနေလျက်။

ရေကန်အစပ်ရှိ မြက်ခင်းပြင်ထက် နန်းတွင်းသူအစေခံခုနစ်ယောက် ရှစ်ယောက်လောက်သည် ကောင်းကင်တစ်ခွင်ပျံဝဲနေသည့် လေတံခွန်တို့ကို လိုက်ဖမ်းနေကြရင်း အထိန်းအကွပ်မရှိရယ်မောနေကြသည်။

ကျူ့ယွင်ရွှမ်း မျက်လုံးများကို အသာ‌မှေးကျဥ်းထားပြီး ထိုသက်တံရှည်အောက်ရှိ လေယူရာတိမ်း ယိမ်းနေသည့်လေတံခွန်ကို မိန်းမောစွာ ငေး‌မျှော်နေသည်။ အရောင်အသွေးစုံလင်လှတဲ့ ဆေးရောင်စုံတို့ဟာ သူ၏မျက်ဝန်းအစုံထဲ၌ ရောင်ပြန်ဟပ်နေလေသည်။ မကြာလိုက် အသူရာချောက်နက်အလား နစ်မြုပ်သွားဟန်။

"အရှင်မင်းကြီး......"

ကောင်းအန်းက သူ့ကို အသံတိုးတိုးလေးဖြင့် ခေါ်လိုက်လျှင် ကျူ့ယွင်ရွှမ်း၏ မျက်တောင်ဖျားများမှာ တုန်ခါသွားပြီး အသက်ပြင်းပြင်းရှုလိုက်သည်။

သူကိုယ်တိုင်က လျန်ကျန်းရဲ့ လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ လေတံခွန်လို ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘေးလူတွေ လက်လှမ်းမမှီနိုင်တောင် အစကနေအဆုံးထိ အနှီချည်ကြိုး ဆွဲထားခံရပြီး အဲ့သည့်လူရဲ့ လက်ခုပ်ထဲကနေ မလွတ်မြောက်နိုင်ဘူး။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now