Chapter 2.1

3.4K 344 17
                                    

UNICODE

အခန်း{၂.၁}

သေဆုံးခါနီးလူတစ်ယောက်၏စကား


ကန်းလင် နန်းတော်၊ ဧကရာဇ်အိပ်ခန်းဆောင်။

တံခါးအတွင်းသို့မဝင်မီတွင် လျန်ကျန်းသည် ပြင်းထန်‌သောစိတ်ခံစားမှုကို ဖြေလျှော့ကာ နောက်ပါးမှ အစောင့်အကြပ်ဆီသို့ တစ်ချက်ကြည့်လိုက်သည်။ မိန်းမစိုးဖုန်ရှန်းသည် ဘေးနားတွင် တရိုတ‌သေရပ်ကာ တိုးညှင်းစွာလျှောက်တင်၏။

"အရှင်မင်းကြီးက ဒီနေ့နေလို့မကောင်းပါဘူးတဲ့ခင်ဗျ... မကြာသေးခင်ကတောင်မှ သတိလစ်သွား‌သေးတယ်။ ချန်ကွေ့ဖေးမယ်မယ်နဲ့ မင်းသား(၉)တို့ နှစ်ယောက်လုံးလည်း ရှိနေပါတယ်ခင်ဗျာ။"

လျန်ကျန်း သည်ညင်သာစွာခေါင်းညိတ်လိုက်ပြီး အထဲသို့ဝင်သွားလိုက်သည်။

အိပ်ဆောင်ထဲရှိ နန်းတွင်းသမားတော်များသည် ကုသနည်းကို အသံတိုးတိုးဖြင့် ဆွေးနွေးနေကြပြီး မျက်မှောင်ကြုတ်ကာ ဧကရာဇ်ကျောင်းယန်သည် ဖျားနာနေကာသလွန်တော်ပေါ်ထက်မှ သူ၏မျက်လုံးများကို ခပ်တင်းတင်းမှိတ်ထားကာ နာမကျန်းမှုများနှင့် ဖုံးလွှမ်းနေသော သူ့မျက်နှာ၊ ပါးချောင်များလည်း များစွာကျနေ၏။ သူသည် အသက်လေးဆယ်ကျော်အရွယ်သာ ထင်ထင်ရှားရှားရှိသော်‌လည်း၊ ယခုအချိန်တွင်သူသည် ခေါင်းတလားအတွင်းသို့ ခြေတစ်ဖက်လှမ်းနေသော နှစ်တစ်နှစ်ကို ရောက်ရှိနေပြီဖြစ်သည်။

ချန်‌ကွေ့ဖေးသည် သလွန်ထက်တစောင်းထိုင်၍ ဆေးပန်းကန်လုံးကို ကိုင်လျက် ဧကရာဇ်ကျောင်းယန်၏ ပါးစပ်ထဲသို့ ဆေးကို ဂရုတစိုက် တိုက်ကျွေးကာ သူမ၏ လက်ထဲ၌ လက်ကိုင်ပုဝါကို ကိုင်ထားပြီး ဧကရာဇ်၏ ပါးစပ်ထောင့်များကို အဆက်မပြတ် သုတ်‌ပေးနေ၏။

သူမ၏မျက်လုံးများသည် ပင်ပန်းနွမ်းနယ်မှုနှင့်အတူ နီရဲနေသော်လည်း၊ သူမသည် တုနှိုင်းမရသည့်အလှတရားနှင့် မွေးဖွားလာခဲ့သူဖြစ်ပြီး သူ့အသက်အရွယ်နှင့်ယှဉ်လျှင် ဆယ်စုနှစ် နှစ်ခုစာသာရှိသေး၏။ နာမကျန်းဖြစ်နေသည့်ဧကရာဇ်နှင့်ယှဉ်လျှင် ဘယ်လောက်တောင်ငယ်သလဲ မသိချေ။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now