Chapter 35

1.2K 153 20
                                    

Unicode

အခန်း {၃၄}

တစ်စစီကွဲထွက်သွားခဲ့ပြီ


ကန်းလင်နန်းတော်။

ကိစ္စရပ်ကို အစီရင်ခံတင်ပြလာသည့် အရာရှိများမှာ ခေါင်းမဖော်တမ်း နှုတ်ဆိတ်နေကြလျက်။ အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့ပြီးနောက် ကျူ့ယွင်ရွှမ်းက အေးစက်စွာမေးလာလေသည်။

"သူကိုယ်တိုင်ကဘယ်လိုပြောလိုက်သလဲ?"

နန်းတွင်းသံတမန်ပြန်လာပြီးနောက်မှာပဲ အမှုကို တရားစီရင်ရေးဝန်ကြီးဌာနနှင့် တော်ဝင်တရားရုံးတော်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ တရားစီရင်ရေးဝန်မင်းက ရှေ့တစ်လှမ်းတိုးကာ သတိတကြီးလျှောက်တင် ဖြေကြား၏။

"အကြီးအကဲကျမ်းပြောတာက သူဟာ သားသမီးမြေးမြစ်တွေကို သင်ကြားမှုညံ့ဖျင်းခဲ့လို့ ပြင်မရတဲ့အမှားကြီးမှားခဲ့ပြီး အရှင်မင်းကြီးရဲ့ယုံကြည်မှုတွေအတွက် အရှက်ရမိပါတယ်။ အရှင်မင်းကြီးကို ထပ်တွေ့ဖို့ မျက်နှာပြစရာတောင်မရှိတော့လို့ အရှင်မင်းကြီး သူ့ကို..... ကြီးလေးတဲ့အပြစ်ပေးဖို့ အနူးအညွတ်တောင်းပန်ကြောင်းပါတဲ့ ဘုရား။"

ကျူ့ယွင်ရွှမ်းစိတ်တို့ လေးလံသွားရသည်။

".......သူ တကယ်ပဲ အဲ့လိုပြောတာလား?"

"မှန်ပါ့။ အကြီးအကဲကျမ်းရဲ့အမည်နဲ့ ချင်ကျိုးမှာ အကြောင်းမဲ့သက်သက်ခြံစည်းရိုးခတ်ပြီး မသမာငွေရှာနေတဲ့သူတွေက သူ့ရဲ့မြေးကြီး ကျမ်းကျင့်နဲ့ တဝမ်းကွဲမြေးနှစ်ယောက်ဖြစ်ပြီး ဆွေမျိုးနီးစပ်တွေလည်း ပါဝင်ပတ်သတ်နေကြောင်းပါ။ ခြံစည်းရိုးခတ်တဲ့သတင်းက ချင်ကျိုး၊ ယွိကျိုးအစရှိတဲ့ နေရာတွေမှာ အချိန်အတော်ကြာပျံ့နှံ့မှာကို ထပ်တလဲလဲတားမြစ်ထားပြီး အမှုကိုဖုံးကွယ်ထားဖို့ ရှန်ဝမ်ရဲ့အာဏာကိုမှီခိုခဲ့တာပါ။ အစောပိုင်းနှစ်တွေတုန်းက သူတို့က ပိုင်ရှင်မရှိတဲ့မြေတွေကိုပဲ လက်ဝါးကြီးအုပ်ထားသေးပြီး နောက်ပိုင်းမှ ပြည်သူပိုင်လယ်ယာမြေတွေကို သိမ်းပိုက်ဖို့ တစ်စတစ်စပြောင်းလဲလာခဲ့ပါတယ်။ အကြီးအကဲကျမ်းက သားသမီးမြေးမြစ်တွေနဲ့ ဆွေမျိုးနီးစပ်တွေရဲ့ လအနည်းငယ်လောက်ကမှ သူကကြံရာပါအဖြစ်ဆွဲသွင်းခြင်းခံရတာပါ။ ဘာ့ကြောင့်ဆို ပြည်သူပိုင်မြေတွေကို သိမ်းပိုက်တာ ဧကငါးရာကျော်လွန်သွားပြီဖြစ်ကြောင်းပါ။"

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now