Announcement

2.8K 184 30
                                    

မင်္ဂလာပါ

ကျွန်တော် ညီပိုင်ရှင်ရဲ့ကလောင်ရှင်လွန်းပါခင်ဗျာ။
ညီပိုင်ရှင်ဟာ ကျွန်တော့်ရဲ့ ဒုတိယခြေလှမ်းဖြစ်ပြီး ပထမဦးဆုံးမှတ်တိုင်ပါ။ ပထမဦးဆုံး စာမူကမ်းလှမ်းခံခဲ့ရပါတယ်။ များစွာသော စာအုပ်တိုက်တွေရဲ့ ကမ်းလှမ်းမှုကို ရရှိစေခဲ့ပါတယ်။ စာရေးသူတစ်ယောက်အနေနဲ့ ဂုဏ်အယူရဆုံးပါပဲ။ အခုထိလည်း လာရောက်ကမ်းလှမ်းနေကြဆဲပါ။ စာမူကမ်းလှမ်းခြင်းကိစ္စနဲ့ပတ်သတ်ပြီး ကြိမ်ဖန်များစွာ ရှင်းပြခဲ့ရတာမို့ သည်ကြောငြာစာကလေး တင်လိုက်တာပါခင်ဗျာ။

ညီပိုင်ရှင်ကို ၂၀၂၀မှာ စာမူအပ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ စိတ်အလှုပ်ရှားဆုံးအချိန်နဲ့ အပျော်ရွှင်ရဆုံး အချိန်တွေပါ။အခြေအနေ အမျိုးမျိုးကြောင့် အခုထိ မှတ်တိုင်လေးတစ်ခုအဖြစ် ထွက်မလာသေးပေမယ့် ကျွန်တော်၂၀၂၀နှစ်လယ်ပိုင်းလောက်ကတည်းက စာအုပ်တိုက်တစ်ခုနဲ့ သဘောတူစာမူအပ်ခဲ့ပြီးပါပြီ။

ကြွေ,လွင့်သွားသောမုန်တိုင်းကလည်း ကျွန်တော့်ရဲ့သားဦးလေးဖြစ်ပြီး အလားတူ စာမူအပ်ပြီးသားလေးပါ။Unpublished လုပ်ထားပေမယ့် ကျွန်တော်နဲ့အတူ Comebackလုပ်လာပါလိမ့်မယ်။

ကျွန်တော်ဆိုတာကို အသိအမှတ်ပြုပေးမယ့် မှတ်တိုင်လေးတွေမို့ အားလုံးရဲ့ ကမ်းလင့်ကြိုဆိုမှုကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေပါတယ်ခင်ဗျာ။

ကျွန်တော်ကို အသိအမှတ်ပြုကြမယ်မလား။

        ဝါသနာဖြင့်
        မေတ္တာနှင့်
         လွန်း။

ညီပိုင္ရွင္(complete)Where stories live. Discover now