အခန်း(၂၄)

14.3K 1.6K 92
                                    

Zawgyi

ပဲခူးမြို့ နာရီစင်နားက ကားလမ်းအသွယ်သွယ်မှ စက်ဘီးကစလို့ ယာဉ်မျိုးစုံ ရောထွေးယှက်နေ သည်။ ပဲခူးမှာဆို ဟင်္သာမောင်နှံရုပ်ထုကို ဇေသုခ သဘောကျသည်။  ရွှေအဆင်းတောက်ပ၍ ပဲခူးမြို့ကြီး ဂုဏ်ယူနေသယောင် ကုန်းမြင့်ပေါ်မှာ ငွားငွားစွင့်စွင့် ရှိနေ၍ ကြည့်ရတာစိတ်ကြည်နူးဖွယ်။ဖေဖေ အမြဲပြောတဲ့စကား ကြောင့်လည်း ပါသည်။

"ဟင်္သာဖိုကြီးက အချစ်ပိုလို့ ကျောပေါ်တင်ခဲ့တာပါကွာ ဘယ့်နှယ်ပဲခူးသူတွေ ယောကျာ်းနိုင်သွားကြပါလိမ့်"ဟု မေမေ့ကို ရွဲ့ရွဲ့စောင်းစောင်း ပြောခဲ့ဖူးတာအကြိမ်ကြိမ်။ အမှန်တော့ ဖေဖေလည်း မေမေ့ကိုအချစ်ပိုတာပဲ မဟုတ်လား။

နာရီစင်ကို လှမ်းမြင်ရတဲ့ ကော်ဖီဆိုင်မှာ ထိုင်နေရင်း ဦးလေးကြီးရဲ့ ကော်ဖီခွက်က အေးစက်နေခဲ့ပြီ။ ဇေသုခလည်း ပဲခူးထိလာပြီး ဘာပြောမှာလဲဟု တွေးကာ စိတ်လှုပ်ရှားနေ၍ စကားမစမိ။

"အရင်က ဒီနေရာမှာ အလှပြင်ဆိုင်လေး ရှိတယ်"

"အခုရော....."

ဦးလေးကြီးရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့် မျက်လုံးအရောင်တွေက အခုတော့ အတိတ်မှာ ပိတ်မိနေ၍ ကြေကွဲရောင် ဆွတ်နေသည်။ ဒါက ဇေသုခအထင်။

"မရှိတော့တာ တော်တော်လေး ကြာခဲ့ပါပြီ ကလေးရယ်။ မာလာဆိုတဲ့ မာမီကြီးဆုံးသွားတော့ သူ့တူ သော်တာကလည်း လောကကြီးမှာ လူသစ်၊စိတ်သစ်နဲ့ ဘဝသစ်ကို ရောက်သွားခဲ့တာ"

"ဘယ်လိုကြီး...."

"သော်တာက မိဘမဲ့တစ်ယောက်လေ။ မာမီက ငယ်ငယ်လေးတည်းက မွေးစားခဲ့တာ။ ဒါပေမဲ့ တူလေးလို့ပဲ လူတွေကို မိတ်ဆက်ပေးတာ များတယ်။ မာမီကြောင့် သော်တာအလှပြင် ဝါသနာ ပါခဲ့တာ မဟုတ်ဘူး။ သိတက်စတည်းက သူကခပ်နွဲ့နွဲ့ပါ။ သော်တာ ဆယ်တန်းအောင်တော့ ရည်းစားရတယ်။ မာမီကလည်း နှလုံးရောဂါ တစ်ခါတစ်ခါ ဖောက်ဖောက်နေတဲ့ အခြေအနေ။"

ဦးလေးကြီး ကော်ဖီတစ်ငုံမော့သောက်ကာ သက်ပြင်းချသည်။ ဦးလေးကြီးရဲ့ မျက်ဝန်းတွေဟာ ဟိုးအဝေးကြီးကို လှမ်းကြည့်နေသယောင်။ ဇေသုခလည်း လှမ်းမမြင်နိုင်တဲ့ ဟိုးအဝေးကြီး.......

ညီပိုင်ရှင်(complete)Where stories live. Discover now