Zawgyi
"ကဲပါ ကိုကျော်ကြီးရာ ညနေယူနန်မှာ လိုက်ကျွေးမယ်။ နှစ်ပေါက်တစ်ပေါက်တွေ။ ဘူတွေကိုးတွေ ပြောမနေနဲ့။ နောက်မှပေါက်တဲ့ ရွှေကြာ အရင်ပွင့်တာ မပွင့်တာတွေက ဘာအရင်ပွင့်ပွင့် ရောင်းထွက်သွားပြီးရော ဟုတ်တယ်မလား"
ကျေနပ်တစ်ဝက် မကျေမချမ်းတစ်ဝက်နဲ့ ကိုကျော်ကြီးကို ညီက ပြုံးစစနဲ့ ပြောနေသည်။ တစ်ဖက်ကလည်း ပိုင်ရှင့်ဆီ မျက်လုံးမှိတ်ပြလျက် ခဏစောင့်ဆိုသည့်အထာနှင့်။
"ဘာတွေ ဖြစ်နေတာလဲ ညီ"
"ကားတစ်စီးပါကွာ အုံနာကငါ့လက် လာအပ်သွားလို့ ငါက ကားကိုရေမိုးချိုးမိတ်ကပ် ရိုက်ပေးလိုက်တာ ။ ဈေးပိုရသွားတာပေါ့။ ငါလည်း ပါးပါးလေး စားရတယ်ကွာ။ ကိုကျော်ကြီးက သူ့ငါးမျှားချိတ် ငါက အစာတပ်ပြီး မျှားတယ် ဘာညာလာလုပ်နေတာ"
"မင်းက သူဆွဲခေါ်လို့ ပွဲစားလောကထဲ ဝင်သွားတာမလား။ ကွက်ကျော်ရိုက်တာတွေ ဘာတွေ လုပ်မနေပါနဲ့ကွာ။ ကျေးဇူးရှင်ပဲဟာကို"
ညီက ရယ်သည်။ ပိုင်ရှင်ပြောနေတာလည်း အမှားမပါ။ ဝပ်ရှော့ဖွင့်ကာစ ဖောက်သည်မှာ ကိုကျော်ကြီးက ဒိုင်ခံ။ အသိလည်း ဆက်ပေး။ ရောင်းမယ့်ကားတွေ နည်းနည်းဖာထေးမယ်ဆိုလည်း ညီ့ဆီသာ လာသည်။ အခုဆို ညီ့ဆိုင်ကလည်း ပစ္စည်းမှန် ဈေးနှုန်းမှန်တယ်လို့ နာမည်ရနေပြီ။ကိုကျော်ကြီး ကျေးဇူးမကင်းပါ။ ဒါကို ညီက ကြုံရင်ကြုံသလို ပွဲစားလောက ခြေကလှမ်းထားသေးတာပင်။
"ပိုင်ရှင်ရာ လည်သူစားနေတဲ့ ဒီလောက မင်းမသိသေးလို့ပါ။ ကိုကျော်ကြီးကမှ ငါတို့ကို သူငယ်နှပ်စားလေးတွေလို သဘောထားပြီး တစ်ကွက်ကျော်လိုက်၊ နှစ်ခြေလိမ်လိုက်၊ ဒဘယ်လယ်ကစ်လိုက် လုပ်လုပ်သွားတာ...."
"မင်းကိစ္စကလည်း နားမလည်တော့ပါဘူးကွာ"
"အခု ငါ့ချစ်ချစ်လေး အက်ဆေးလား ချိတ်ဆေးလား ရေးနေတာ ပြီးပြီလား"
"ရေးတာက ခုကောက်ရေး ခုရတယ်။ စာလုံးရေ ခြောက်ထောင်လောက်မှာ အကြောင်းအရာ ပြည့်ပြည့်စုံစုံပါဖို့ လေ့လာနေရတာ ညီရ"
YOU ARE READING
ညီပိုင်ရှင်(complete)
RomanceZawgyi ညီရဲ့ပိုင်ရှင် ညီပိုင်တဲ့ ပိုင်ရှင် (Zawgyi+Unicode) ညီ ဆိုတဲ့အသုံးအနှုန်း အသုံးများကြပါတယ်။ ကျွန်တော့်ထက်အရင်ရေးခဲ့စီနီယာတွေအကုန်ကို Creditပေးပါတယ်။ Unicode ညီရဲ့ပိုင်ရှင် ညီပိုင်တဲ့ ပိုင်ရှင် (Zawgyi+Unicode) ညီ ဆိုတဲ့အသုံးအနှုန်း အသုံးများက...